Wednesday, March 25, 2015

"ကျေးဇူးပါ သူငယ်ချင်း"

"ကျေးဇူးပါ သူငယ်ချင်း"

သူငယ်ချင်းကောင်းဆိုတာ ကျွန်ုပ်တို့ ဘဝတွေကို အဓိပ္ပါယ်ရှိလာစေဖို့ ကူညီစွမ်းဆောင်ပေးသူတွေပါ။ ပျော်ရွှင်မှုတွေကို မျှဝေခံစားရုံတင် မကပါဘူး။ ကိုယ်လိုအပ်နေတဲ့ အချိန်မှာလည်း အမြဲအဆင်သင့် ရှိနေတတ်ကြတယ်။ သူတို့အရေးပါမှုတွေကို နီးလွန်းတော့လည်း သတိမထားမိသလို ဖြစ်နေတာပါ။ ဒီတစ်ခါ သင့်ရဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းနဲ့ တွေ့ခဲ့ရင် အောက်ပါ စကားလေးတွေနဲ့ ကျေးဇူးစကားဆိုလိုက်ပါ။

၁။ ငါ မကြားချင်တဲ့ ခါးသီးတဲ့ အမှန်တရားတွေကို ချပြပေးခဲ့တဲ့အတွက် ကျေးဇူးပါ။

၂။ စိတ်ဓါတ်ကျ အားငယ်နေချိန်မှာ ငါ့ အနားမှာ အမြဲတမ်းရှိနေပေးတဲ့ အတွက် ကျေးဇူးပါ။

၃။ စိတ်ရူးပေါက်တဲ့ အတိုင်း လျှောက်လုပ်သမျှတွေကို မငြီးမငြူ လိုက်ပါပေးတဲ့ အတွက် ကျေးဇူးပါ။

၎။ ငါ အမှားတစ်ခုခု လုပ်မိနေရင် ချက်ချင်းသတိပေးပြီး အကောင်းဆုံး အကြံဥာဏ်တွေ ပေးတတ်တဲ့ အတွက် ကျေးဇူးပါ။

၅။ ငါ့ကို ဝေဖန် အပြစ်တင်တာမျိုးတွေ မလုပ်တဲ့အတွက် ကျေးဇူးပါ။  

၆။ ဝေးကွာနေတဲ့ အချိန်မှာတောင် ငါ့အတွက် အကောင်းဆုံး ရပ်တည်ပေးနေတဲ့ အတွက် ကျေးဇူးပါ။

၇။ ငါ့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေ ခံစားပေးတဲ့အတွက် ကျေးဇူးပါ။

၈။ ငါတို့ အတူပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေအတွက် ကျေးဇူးပါ။

၉။ ငါ့အတွက်ဆို နင်အဆင်မပြေဦးတော့ အနစ်နာခံခဲ့တာတွေအတွက် ကျေးဇူးပါ။

၁ဝ။ ငါစိတ်တွေ လေလွင့်နေတဲ့ အချိန်မှာ အားပေးခဲ့တာတွေ အတွက် ကျေးဇူးပါ။

၁၁။ ငါတို့ အမြင်တွေမတူလို့ အငြင်းပွားခဲ့တာတွေကို ခွင့်လွှတ်သည်းခံပေးတဲ့အတွက် ကျေးဇူးပါ။

၁၂။ ငါ့ရဲ့ လုပ်နိုင်စွမ်းတွေကို ဖော်ထုတ်ပေးခဲ့တဲ့ အတွက်ကျေးဇူးပါ။

ဂန္တဝင် မဂ္ဂဇင်း



lutawlupyaw

No comments:

Post a Comment