Tuesday, March 31, 2015

"ဒါတွေက ဆရာဝန်တွေက ရာဇဝတ်မှု့ကျူးလွန်ရာကနေ ဖြစ်ပေါ်လာတဲ့ သားကောင်တွေပါ"

"ဒါတွေက ဆရာဝန်တွေက ရာဇဝတ်မှု့ကျူးလွန်ရာကနေ ဖြစ်ပေါ်လာတဲ့ သားကောင်တွေပါ"

အခုပုံထဲမှာပြထားတဲ့ ကလေးမလေးရဲ့အလောင်းကို ပြန်တွေ့ရတဲ့အချိန်မှာ မျက်စိ (မျက်ကြည်လွာ) နှင့် အသည်းပါမလာတော့ဘူးလို့ ဆိုပါတယ် ။

အခုလို လူသတ်မှု့တွေကို တရုတ်ပြည်နယ်စပ်၊ ယိုးဒယားနယ်စပ်၊ အိန္ဒိယနယ်စပ်တွေမှာ အထူးဖြစ်ပေါ်လျှက်ရှိနေတယ်လို့ သိရပါတယ်။ ကလေးတွေသာပဲမဟုတ်ပါဘူး လူကြီးတွေပါ အသတ်ခံရပြီး အလောင်းအဖျောက်ခံနေကြရပါတယ်။

ဒီလို အသည်းအစားထိုးတဲ့ ကိစ္စမျိုးကို ဆရာဝန်တွေကသာ အဓိက ဆောင်ရွက်နိုင်ကြတာဖြစ်ပြီး ဆရာဝန်တွေနဲ့အတူ အသည်းအစားထိုးကု ခွဲစိပ်လုပ်ဖူးကြသူတွေက လူကိုသတ်ပြီး လူတယောက်၏ အသည်းကို ဘယ်လိုယူဆောင်ရမည်ဆိုတာကို ကောင်းစွာနားလည်နေကြသူတွေ ဖြစ်လာကြပြီး လူသတ်မှု့တွေ ကျူးလွန်လာကြတာ ဖြစ်ပါတယ် ။

ပိုက်ဆံရှိတဲ့ အသည်းရောဂါရနေသူတွေကလဲ မိမိအသက်အတွက် မည်မျှပင် ကုန်ကျသည်ဖြစ်စေ မည်ကဲ့သို့ အခြေအနေပေါ်မှာပဲဖြစ်စေ မိမိအသက်ရှင်ရေးအတွက် နည်းမျိုးစုံ လုပ်ဆောင်ကြမှာပါပဲ။

ဒီနေ့ မြန်မာပြည်ထဲကနေ ပြည်ပကိုထွက်ပြီး အသဲအစားထိုးကု လုပ်ဆောင်နေကြသူတွေထဲမှာ လူသိပြီး အရေးယူမှု့မရှိတဲ့ မသိသလိုလုပ်နေကြတဲ့ မြန်မာပြည်ရဲ့ ဥပဒေရေးရာအားနည်းမှု့ကြောင့် ရွာသူကလေးတွေ ရွာသားကလေးတွေ၊ အထူးသဖြင့်တော့ အိမ်ဖော်မလေးတွေဟာ သားကောင်တွေ ဖြစ်လာကြပါတော့တယ်။

သိန်း ၃၀ မှ သိန်း ၅၀ ဆိုတဲ့ငွေဟာ အိမ်ဖော်မလေးတွေအတွက် အိပ်မက်ထဲမှာတောင် မက်ရန်ခက်ခဲတဲ့ ငွေကြေးပမာဏပါ။ ထိုငွေကြေးကို အိမ်ရှင်ရောဂါသည်တွေက လူမှု့ရေး စီးပွားရေးအင်အားတွေနဲ့ဖိပြီး အိမ်ဖော်မလေးတွေ၏ အသည်းတခြမ်းကို ထုတ်ယူဖို့ ကြိုးစားကြတော့တာပါပဲ။

အဲ့ဒီလို ကြိုးစားလို့ အိမ်ဖော်မလေးတွေက အသည်းတခြမ်းကို ထုတ်ရောင်းပေးလိုက်လို့ မိမိအသက်အတွက် အန္တရာယ်မရှိလောက်ဘူးလို့ ယုံကြည်လာတဲ့အခါ ထင်မြင်လာတဲ့အခါမှာ အိမ်ရှင်နဲ့အတူ နိုင်ငံခြားကိုဘုရားဖူးဆိုတဲ့ အယောင်ပြပြီး နိုင်ငံခြားမှာ အသည်းရောင်းချရေးကိစ္စ အရောင်းအဝယ်ပြု အကောင်အထည်ဖော် လုပ်ကြတော့တာပါပဲ။

ယခုဆိုလျှင် အဲ့ဒီအဆင့်ကနေ ကျော်လွန်ပြီးတော့ အသည်းရောင်းဝယ်ရေး ပွဲစားတွေဟာ နိုင်ငံခြားသားတွေအတွက် မြန်မာပြည်ထဲမှာ ခြေရှုတ်လို့ အလုပ်ဖြစ်နေကြပါပြီ အတော်လေးကို တွင်ကျယ်နေကြပါပြီ။ မရှိဆင်းရဲတဲ့ တောသူတောင်သားတွေဟာ ထို လူသားအသည်း ရောင်းဝယ်သမားတွေရဲ့ မြူဆွယ်ခြင်းတွေကို ခံနေကြရပါပြီး။ သာမာန်အားဖြင့်ကြည့်ရင်တော့ သူသဘောတူလို့ သူရောင်းတာလို့ ဆိုပေမယ့် ဥပဒေအရ ခွင်ပြုထားတာ မဟုတ်သလို ထိုအရောင်အဝယ်မျိုးလဲ မရှိသင့်ပါဘူး။

အသည်းရောင်းစားရသူ မရှိဆင်းရဲ့သားတွေအတွက်ကလည်း တကယ်တန်း အသည်းခွဲစိပ်ပေးသူဆရာဝန်နဲ့ အသည်းအရောင်းအဝယ်ပွဲစားတွေရဲ့ ပွဲခအဆင့်ပဲ ရကြရတာဖြစ်ပါတယ်။

စာရေးသူသိသလောက်တော့ အသဲတခြမ်းအတွက် မြန်မာငွေ သိန်း ငါးထောင်အထက်မှာ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသည်းရောင်းသူ ကာယကံအရှင်ကတော့ သိန်း ၃၀ မှ ၅၀ လောက်ပဲ ရကြရတယ်လို့ သိရပါတယ်။

ဒီကိစ္စတွေ မြန်မာပြည်မှာ ဖြစ်နေတာက ၁၀ စုနှစ်ကျော်နေပါပြီ။ မြန်မာပြည်က အသည်းဆရာဝန်တိုင်း ကောင်းစွာသိကြပါတယ်။ မြန်မာပြည်က အသည်းဆရာဝန်ကြီး ကိုယ်တိုင်တောင် ၄င်း၏ အိမ်ဖော်မလေးရဲ့ အသဲကို ထိုစဉ်က ငွေ ၁၀ သိန်းနဲ့ အရောင်းအဝယ်ပြုလုပ်ပြီး အိန္ဒိယမှာ အသည်းအစားထိုးကိုလုပ်ရာမှာ လိုအပ်တဲ့ ပမာဏထက် ပိုပြီးလှီးဖြတ်ယူခဲ့လို့ အိမ်ဖော်မလေးဟာ ချူနာရှိုက်ကုန်းလေး ဖြစ်သွားပြီးတော့ ရတဲ့ငွေတောင် ဆေးပြန်ကုရလို့ ကုန်သွားရတဲ့အပြင် ဒုက္ခဖြစ်နေတာကို အသည်းဝယ်ယူထားသူ ဆရာဝန်ကြီးက အရောင်းအဝယ်ကိစ္စပြတ်ပြီးသား နောက်ထပ် လာမရှုတ်နဲ့လို့ ပြောလွှတ်လိုက်တဲ့အတွက် ပြသနာတွေ တက်ခဲ့ကြတယ်လို့ သိခဲ့ရဘူးပါတယ်။

ဒီတော့ ဆင်းရဲလွန်းလှတဲ့ မြန်မာနိုင်ငံသားတွေအတွက် တရားဝင်မဟုတ်တဲ့ ရောင်းဝယ်မှု့မှာ မတရားအနိုင်ကျင့်ခံ အလိမ်ခံနေရတဲ့ ထိုကိစ္စမျိုးတွေကို အစိုးရက တိတိကျကျ ဥပဒေပြဌာန်းပြီး ဆောင်ရွက်သင်တယ်လို့ မြင်ပါတယ် ။

သင်ပိုင်တဲ့ သင်၏အသည်းတခြမ်းကို ဘယ်လောက်ပေးပေး သင်ရောင်းချနိုင်ပါသလား.???

အကယ်၍သာ ထိုကဲ့သို့ အရောင်းအဝယ်မျိုး ပေါ်ပေါက်ခဲ့သည်ဆိုပါက ဝယ်ယူသူငွေရှင်ကျေးရှင်းနှင့်တကွ ပွဲစားနှင့် ဆရာဝန်များကိုပါ ဖော်ထုတ်ပြီး ပြစ်ဒဏ်ကြီးကြီးမားမားချရန် ဥပဒေပြဌာန်းထားပါလျှင် ထိုသို့ရောင်းဝယ်မှု့များ ကျဆင်းသွားနိုင်ပြီး အကယ်၍ လက်သိပ်ထိုး အရောင်းအဝယ်ဖြစ်ခဲ့ပါကလည်း အနိုင်ကျင့်ခြင်း လှည်းစားခြင်း ကိုယ်ချင်းမစာ ဖြစ်ချင်တာဖြစ် ယုတ်မာသောနည်းလမ်းများသုံးခြင်း၊ အစရှိသည့် အခြေအနေမျိုးများကို အလိုအလျှောက် ကာကွယ်စောင့်ရှောက်ပြီးသား ဖြစ်လိမ့်မည်ဟု ယူဆပါကြောင့် တာဝန်ရှိသူများ အမြန်ဆုံး ကြပ်မတ်ဆောင်ရွက်နိုင်ပါရန် တင်ပြလိုက်ရပါသည်။

**********************************

တာချီလိတ်၌ ပျောက်သွားသည့် (၆) နှစ်အရွယ် မိန်းကလေး (၄) ရက်မြောက်မှာ
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် အလောင်းတွေ့ရှိ။
=====================================

တာချီလိတ်မြို့တွင် မတ်လ (၂၇) ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက် (၆) နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄) ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ (၃၀) ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိရသော်လည်း သေဆုံးနေကြောင်း
သိရသည်။

အသက် (၆) နှစ်ရှိ မနန်းဖွေးဟွမ်သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ်အမှတ် (၂/၁၇၈) နေတွင် မတ်လ (၂၇) ရက် ည (၇း၃၀) နာရီ အချိန်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၎င်းပျောက်နေမှုနှင့် ပတ်သက်၍ မိသားစုဝင်များမှ ကလေးအား အပူတပြင်း ရှာဖွေခဲ့ကြပေမဲ့လည်း (၄) ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မတ်လ (၃၀) ရက်နေ့
ညနေပိုင်းမှာ ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မယ်ဆိုင်ချောင်း ထိုင်းဘက် ကမ်းတွင် သေဆုံးနေလျက်ဖြင့် တွေ့ရှိရသည်။

ကလေးမလေးရဲ့ အလောင်းကို ပြန်တွေ့ရတဲ့အချိန်မှာ မျက်စိ (မျက်ကြည်လွာ) နှင့် အသည်းပါမလာတော့ဘူးလို့ ဆိုပါတယ် ။ ။

( ဓာတ်ပုံ ဖေ့စ်ဘုတ်ခ် )

( ဦးနိုင်ဝင်း လန်ဒန် )
via Myo Kyaw Khaing



lutawlupyaw

No comments:

Post a Comment