Monday, March 30, 2015

"အရပ်ခြောက်ပေကျော် ချစ်သူကိုပိုင်ဆိုင်ထားတဲ့ လူပုလေးရဲ့အချစ်ဇာတ်လမ်း"

"အရပ်ခြောက်ပေကျော် ချစ်သူကိုပိုင်ဆိုင်ထားတဲ့ လူပုလေးရဲ့အချစ်ဇာတ်လမ်း"

ထူးခြားဆန်းပြားတဲ့ အချစ်ရေးကိစ္စတွေ များစွာရှိတဲ့အထဲကမှ လူပုကလေး ခရက်ဖ်နဲ့ လိင်အင်္ဂါ ပြောင်းလဲထားသူ ချိုင်းနားဘဲလ်တို့ရဲ့ ဇာတ်လမ်းကတော့ ဒီနေ့ရေပန်းစားနေပါတယ်။
အရပ် ၄ ပေ ၄ လက်မသာရှိတဲ့ လူပုကလေး ခရက်ဖ်ဟာ ဝိတ်မသူတစ်ယောက်ဖြစ်ပြီး ၃၆ စတုန်အထိ မ,မြှောက်နိုင်သူဖြစ်ပါတယ်။ ဖလော်ရီဒါမှာနေတဲ့ လူပုကလေး ခရက်ဖ်ဟာ လွန်ခဲ့တဲ့ ခြောက်လက မိန်းကလေးတစ်ဦးနဲ့ ချိန်းတွေ့ပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ထူးခြားတာက ခရက်ဖ်ရဲ့ ကောင်မလေးဟာ အရပ် ၆ ပေ ၃ လက်မအထိရှိနေတာပါပဲ။ ခရက်ဖ်ဟာ အရပ်ပုလွန်းတဲ့အတွက် ချစ်သူနှစ်ယောက် ယှဉ်ပြီးလမ်းလျှောက်ရင် ကောင်မလေး ဘဲလ်ရဲ့ခြေထောက်က ခရက်ဖ်ထက် ပိုရှည်နေပါတယ်။ ပိုပြီးထူးခြားတာကတော့ ချိုင်းနားဘဲလ်ဟာ မူလက အမျိုးသားတစ်ဦးဖြစ်ပြီး လိင်အင်္ဂါ ခွဲစိပ်ကုသမှု ခံယူကာ အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ခရက်ဖ်က အရပ်ပုပေမယ့် အလေးမနေတဲ့ အချိန်ဆိုရင် အရမ်းကိုဆွဲဆောင်မှုရှိတဲ့သူလို့ သူ့ကောင်မလေးက ပြောပါတယ်။ သူတို့နှစ်ယောက်လုံး သာမန်လူတွေနဲ့ မတူတဲ့အချက်ကိုယ်စီရှိကြလို့ မတူသူနှစ်ဦး ပေါင်းစပ်တဲ့အခါ ပိုပြီးအဆင်ပြေကြောင်း ဘဲလ်က ပြောပြပါတယ်။ ‘‘ကျွန်တော်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး သူဖြစ်မယ်ထင်တယ်။ သူမနဲ့ ကျွန်တော်လက်ထပ်လို့ရတယ်လေ။ ဖလော်ရီဒါမှာ လိင်တူခြင်း လက်ထပ်လို့ ရတဲ့ ဥပဒေရှိတာပဲ မဟုတ်လား’’ လို့ လူပုလေး ခရက်ဖ်ကလည်း ပြောပါတယ်။

Ref - dailymail



lutawlupyaw

No comments:

Post a Comment