Tuesday, March 31, 2015

"အိမ်ထောင်တစ်ခု ပြုမယ် ဆိုရင် ..."

"အိမ်ထောင်တစ်ခု ပြုမယ် ဆိုရင် ..."

A .. Age .. အသက် ဖြစ်ပါတယ် .. ကိုယ်နဲ့ အိမ်ထောင်ပြုမယ့်သူဟာ အသက်ကွာခြားချက် ကြီးလို့ မရပါဘူး .... အသက် ( ၅ ) နှစ်ဟာ ခေတ် တစ်ခေတ် ကွာပါတယ် ... အတွေးအခေါ် အယူအဆ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ပေးသင်ခန်းစာ တူဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ် ...

B .. Beauty .. အလှအပ ဖြစ်ပါတယ် ... ကိုယ်နဲ့ယူမယ့် အိမ်ထောင်ဘက်ဟာ ... ကိုယ်နဲ့ လိုက်ဖက်တဲ့ ရုပ်ရည်ရူပကာ ရှိသင့်ပါတယ် ....

C .. Character .. အကျင့်စာရိတ္တ ... ကိုယ်နဲ့ပေါင်းဖက်မယ့် အိမ်ထောင်ဖက်ဟာ အကျင့်စာရိတ္တ ကောင်းမွန်ဖို့လိုပါမယ် ...

D .. Director .. ဦးဆောင် နိုင်စွမ်း ... ကိုယ်နဲ့ပေါင်းဖက်မယ့် အိမ်ထောင်ဖက်ဟာ .. အိမ်ဦးနတ်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရှင်မပဲ ဖြစ်ဖြစ် ကျရာတာဝန်မှာ ဦးဆောင်နိုင်စွမ်း ရှိတဲ့သူတစ်ဦး ဖြစ်ဖို့လိုပါတယ် ...

E .. Education .. ပညာရေး ... အိမ်ထောင်တစ်ခုမှာ ပညာရေးကွာခြားလို့ မရပါဘူး ... ပညာရေးကွာခြားချက် ကြီးမားတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကွာခြားလာပါတယ်... အဲ့အတွက် ကိုယ့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်အတွက်ပါ ထိခိုက်လာနိုင်ပါတယ် ...

F .. Facility ...အထောက်အကူပြု ပစ္စည်း .. ဒီနေရာမှာ ဘ၀အတွက် အထောက်အကူ ပြုနိုင်တဲ့ အရာပေါ့ဗျာ ... ငွေကြေးပဲထားပါတော့ ... သိပ်တော့အရေး မကြီးပါဘူး ... ဒါပေမယ့် ထည့်သွင်း စဉ်းစားရမယ့် အချက် တစ်ခုအနေနဲ့ ထည့်ထားတာပါ...

G ... Generation .. မျိုးဆက် ( သို့ ) မျိုး ရိုး ... ကိုနဲ့အိမ်ထောင်ပြု မယ့် သူဟာ မျိုးရိုး ကောင်းဖို့ လိုပါမယ် ... ဒါက ထွေထွေထူးထူး ပြောနေစရာ ကိစ္စမဟုတ်ပါဘူး ...

H ... Health .. ကျန်းမာရေး ... ဒါကတော့ ပြောနေစရာကို မလိုတာ ... ကိုယ့်အိမ်ထောင်ဖက် ကို ကိုယ့်ဖာသာကို စစ်ဆေးခိုင်းပေါ့ဗျာ ....

ကျွန်တော် သင်ကြားခဲ့ ဖူးတာလေးကို ပြန်လည်ဝေမျှတာပါ ... သဘောထားချင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါမယ် ....


Credit: လင်းလက်လူ ( GLM )



lutawlupyaw

No comments:

Post a Comment