Sunday, March 29, 2015

"Relationship တစ်ခု တည်မြဲဖို့ဆိုတာ မိန်းကလေးဘက်က အပြုအမှုနဲ့လည်း အများကြီးသက်ဆိုင်နေတတ်ပါတယ်"

"Relationship တစ်ခု တည်မြဲဖို့ဆိုတာ မိန်းကလေးဘက်က အပြုအမှုနဲ့လည်း အများကြီးသက်ဆိုင်နေတတ်ပါတယ်"

ဒီလောကကြီးမှာ ရုံးဆင်းတိုင်း ကိုယ့်ကိုလာကြိုပေးနိုင်မဲ့ ယောကျာ်းဆိုတာ မရှိသလို တစ်သက်လုံး ကိုယ့်ကို စကားတစ်ခွန်းမှ မလိမ်မညာမဲ့ ယောက်ျားဆိုတာလည်း မရှိပါဘူး။
ဒါပေမဲ့ တစ်သက်လုံး ကိုယ့်ကိုမခွဲမခွာ ကိုယ့်အနားမှာပဲ သစ္စာရှိရှိ နေထိုင်ပေးမဲ့ ယောကျာ်းကတော့ ရှိပါသေးတယ်။

နှစ်ယောက်သား ရေရှည်ဆက်လျှောက်ဖို့ဆိုတာ အလျှော့အတင်းလေးတွေ လုပ်ပေးရတာမျိုးလေးတွေ ရှိရပါတယ်။ အမြဲတမ်း ကိုယ်ဖြစ်ချင်တာချည်းပဲ တောင့်တနေလို့မရပါဘူး။
သူ့ဘက်က ချို့ယွင်းချက်တွေ ရှိလာရင်လည်း တတ်နိုင်သမျှ ခွင့်လွှတ်ပေးရင်း ကိုယ့်ရဲ့ ချို့ယွင်းချက်တွေ ကြီးမလာအောင်လည်း ဂရုစိုက် ပြုပြင်သင့်ပါတယ်။

ကိုယ်ချစ်တဲ့ ယောကျာ်းတစ်ယောက် ကိုယ့်ပေါ် ကောင်းမကောင်းဆိုတာ အချိန်ပြည့်ကိုယ့်အနားမှာ နေပေးမှ၊ အမြဲကိုယ်လိုရာ ၀ယ်ပေး ဖြည့်ပေး ဆောင်ရွက်ပေးမှ ကောင်းတယ်လို့ ပြောလို့မရပါဘူး။
တစ်ခါတစ်လေ ကိုယ် သူ့ဆီကနေ မျှော်မှန်းထားတာလေးတွေကို အရမ်းကြီးမထားပဲ အမြင်တစ်မျိုး ပြောင်းလဲကြည့်လိုက်ပါ။
သူလည်း စိတ်ချမ်းသာရသလို ကိုယ်လည်း အေးချမ်းရပါတယ်။

မျှော်လင့်ချက်တွေ သိပ်မများတဲ့အခါ တစ်ခါတစ်လေ သူ့ရဲ့ ဂရုစိုက်မှုလေးတွေက ကျေနပ်စရာတွေ ဖြစ်သွားတတ်ပါတယ်။ အဓိကကတော့ မိန်းကလေးတွေ အတွေးတွေ၊ ကိုယ့်ဘက်ကိုယ်ကြည့်တာတွေ တစ်ဖက်သတ်အတွေးတွေ လျှော့စေချင်ပါတယ်။


Credit : ချစ်တဲ့...မနုဿ



lutawlupyaw

No comments:

Post a Comment