Tuesday, March 24, 2015

" ဘီပိုးအတွက် သဘ၀ဆေးပင် "

" ဘီပိုးအတွက် သဘ၀ဆေးပင် "

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။

၎င်းအပင်ကို ကချင်ပြည်နယ် အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြား တွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေး ပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။

ဒေသအခေါ်အဝေါ် ခန္တီး၊ ရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။

သူ့ရဲ့ အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။
 
ဆေးအဖြစ် အသုံးပြုပုံ

(၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။

(၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။

(၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။

(၄) ၄င်းအမြှစ်ကို ငရုတ်သီးနှင့်ထောင်းစားနိုင်ပါသည်။ ငပိနှင့်လည်း ထောင်းစားနိုင်ပါသည်။

(၅) အရွက်နုများနှင့် အညွန့်များကို ပဲပုတ်နှင့်အတူ ထောင်းစားနိုင်ပါသည်။

ဘီပိုးရောဂါရှိသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား ။ ။ မြန်မာတို့အတွက်ဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ



lutawlupyaw

No comments:

Post a Comment