Thursday, March 26, 2015

"သင့်မိဘတွေ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် မိမိကိုယ်ကို ဆန်းစစ်သင့်တဲ့ မေးခွန်း (၅) ချက်"

"သင့်မိဘတွေ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် မိမိကိုယ်ကို ဆန်းစစ်သင့်တဲ့ မေးခွန်း (၅) ချက်"

သင်လည်း တစ်နေ့ မိဘဖြစ်လာဦးမှာပါ။

(၁) သင့်အလုပ်၊ သင့်မိသားစုအရေး ကြိုးပမ်းနေချိန်မှာ သင့်ရဲ့မိဘတွေစိတ်ထဲ ဘာတွေ တွေးနေမလဲ၊ သူတို့မျက်ဝန်းလေးတွေက ဘာကိုမျှော်လင့်တောင့်တ နေမလဲဆိုတာ သေချာပြန်ကြည့်မိပါသလား ?

(၂) တစ်နေ့ပြီးတစ်နေ့ သင့်မိဘတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းပြောင်းလဲလာမှုကို သတိထားပြီး ဂရုတစိုက်ကြည့်မိပါသလား ?

(၃) အသက်တွေကြီးလာလေ၊ အိုမင်းမစွမ်းဖြစ်လာလေ၊ ရောဂါရလာလေ သူတို့မျက်ဝန်းလေးတွေမှာ အားငယ်မှုလေးတွေ၊ စိုးရိမ်မှုလေးတွေ တစ်စတစ်စပိုထင်ဟပ်လာတာ သတိထားကြည့်မိပါရဲ့လား ???

(၄) သင့်မိဘတွေ လိုအပ်တာ သားသမီးတွေရဲ့နွေးထွေးမှု၊ ဂရုစိုက်မှု၊ အေးချမ်းတဲ့မေတ္တာတွေဆိုတာကော သင်သတိမပြုမိပဲ အမှုမဲ့၊ အမှတ်မဲ့ နေနေခဲ့မိသလား ?

(၅) အခုမေ့နေမိတာ ပြန်အမှတ်ရသွားပြီဆိုရင်၊ အမေ- အဖေတို့လည်း သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် အချိန်မီသေးပါတယ်။ မိဘ မရှိတော့တဲ့အချိန်မှ မျက်ရည်ကျလည်း အလဟဿ ပါပဲ။

သင့်မိဘသက်ရှိထင်ရှားရှိနေတုန်း သင်လုပ်ပေးနိုင်တဲ့ စိတ်အား၊ လူအား၊ ငွေအား အကုန်လုံးနဲ့ မိဘကိုဂရုစိုက်ပေးလိုက်ပါ။ သင် လုပ်သမျှ သင့်ဆီ ပဲ့တင်ထပ်လာပါလိမ်မယ်…..
သင်လည်း အသက်တွေကြီးလာပြီး သူတို့လိုအရွယ် ရောက်လာတဲ့အခါ ဒီလိုမျက်ဝန်းတွေနဲ့ပဲ သင့်သားသမီးလေးတွေဆီက မေတ္တာကို သင် မျှော်လင့်မိနေမှာပါ........

စိတ်ရှည်ပါ… ကိုယ်ချင်းစာပါ…

Credit to: နှိုင်းရင့်နွေ



lutawlupyaw

No comments:

Post a Comment