Sunday, March 29, 2015

"ထူးချွန်အောင်မြင်သူများတွင် မတွေ့ရသော အားနည်းချက်များ"

"ထူးချွန်အောင်မြင်သူများတွင် မတွေ့ရသော အားနည်းချက်များ"
              
၁။ နုံအခြင်း

အလုပ်ကိစ္စ အကြောင်းအရာတစ်ခုခုကို စဉ်းစားဆင်ခြင်တာတို့၊ လေ့လာသုံးသပ်တာတို့ မလုပ်ဘဲ နားမလည်ပါးမလည်နဲ့ လုပ်တတ်တဲ့အပြုအမူမျိုး ကိုပြောတာပါ။

၂။ ထိတ်ထိတ်ပျာပျာနိုင်ခြင်း

အလုပ်တွေအရမ်းများလာပြီး စိတ်ဖိစီးမှုတွေ ကြုံလာရတာမျိုးကတော့ လုပ်ငန်းတိုင်းမှာရှိပါတယ်။ တခါတရံမှာဆိုရင် ထင်မထားတဲ့ အကြောင်းအရာကိစ္စတွေ ဖြေရှင်းရတာမျိုးတွေလည်း ကြုံလာရတတ်ပါတယ်။ အဲ့လိုကြုံလာတဲ့အခါမျိုးမှာ ကိုယ်ကပါ ထိတ်ထိတ်ပျာပျာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောက်လန့်နေရင်တော့ သေချာပါတယ် အမှားတွေတောက်လျောက် ကြုံတော့မှာပါ။ အဲ့လိုအခြေအနေမျိုးမှာ စိတ်ကိုငြိမ်ငြိမ်ထားပြီး ဆောင်ရွက်ဖြေရှင်းနိုင်မှ အဆင်ပြေနိုင်မှာပေါ့။

၃။ အယူသည်းခြင်း

ကိုယ့်အလုပ်ကို ကိုယ်ထင်ရာမြင်ရာ ကိုယ်သိထားမှတ်ထားတာကိုချည်းပဲ စံထားပြီး အယူသည်းလုပ်ကိုင်တာမျိုး ဘယ်အောင်မြင်တဲ့လုပ်ငန်းရှင်မှ မလုပ်ပါဘူး။

၎။ အပျင်းထူခြင်း

အလုပ်ကြိုးစားမှအောင်မြင်မှုရနိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ပျင်းတိပျင်းရွဲ့နေတတ်တဲ့သူကတော့ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ပါဘူး။

၅။ အပြောင်းအလဲလွယ်ခြင်း

Steve Jobs ပြောခဲ့သလိုပါပဲ။ အလုပ်ကို အစလုပ်ကိုင်တဲ့သူတွေမှာတောင် ကိုယ့်အလုပ်ကို ကျွမ်းကျင်ရုံတင်မဟုတ်ဘဲ ကိုယ့်အလုပ်အပေါ် ခင်တွယ်တဲ့ စိတ်ပြင်းပြတဲ့သူမျိုးတွေကသာ အောင်မြင်လာနိုင်တာပါတဲ့။ အဲ့စကားကိုအခြေခံပြီးမှ ကိုယ့်အလုပ်အပေါ် စိတ်နှစ်ပြီး တစိုက်မတ်မတ် လုပ်ချင်စိတ်မရှိဘဲ စိတ်အပြောင်းအလဲလွယ်ပြီး ဟိုအလုပ်ပြောင်းလုပ်ချင် ဒီအလုပ်လည်းပြောင်းလုပ်ချင် ဖြစ်နေတာကတော့ လုံးဝမကောင်းတဲ့ စိတ်ဓါတ်နဲ့ အပြုအမူမျိုးပါပဲ။

၆။ ခံစားချက်ကိုဖော်ပြလွန်းခြင်း

မနာလိုတာ၊ ရှက်ရွံ.တာ၊ လိုချင်စိတ်များတာ၊ ခံပြင်းတာ အစရှိသဖြင့် ကိုယ်ခံစားနေရတဲ့ ခံစားချက်ကို ထုတ်ဖော်ပြပြီး ကိုယ်နဲ့ အလုပ်အတူတူ လုပ်နေသူတွေကိုပါ ကူးစက်ခံစားရအောင် လုပ်တာတို့၊ ကိုယ့်ခံစားချက်ကြောင့် တခြားသူတွေကို ဒေါသနဲ့ ဆက်ဆံလိုက်တာမျိုးတို့က သင့်အလုပ်ရော သင့်လုပ်ငန်းဖော်တွေကိုရော ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

၇။ တကိုယ်ကောင်းဆန်ခြင်း

ကမ္ဘာကြီးက သင်တစ်ယောက်တည်းအတွက် လည်ပတ်နေတာမဟုတ်ပါဘူး။ အလုပ်အကိုင်လုပ်ငန်းဆိုတာကလည်း သင်တော်လွန်းတိုင်း အဆင်ပြေနေမှာ မဟုတ်ပါဘူး။ တခါတရံမှာ ကိုယ့်ကိုယ်ကိုယ်တော်လွန်းတယ်လို့ တကိုယ်ကောင်းဆန် အထင်ကြီးနေတာက သင့်စွမ်းဆောင်ရည်တွေကို ထိခိုက်စေနိုင်ပါတယ်။ သင်သိဖို့က သင်အလုပ်လုပ်နေရင် သင့်အလုပ်ရှင်ဆိုတာ ရှိနိုင်သလို၊ သင့်လုပ်ဖော်ကိုင်ဖက်နဲ့ သင်ဆက်ဆံရမယ့် Customer တွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။

၈။ အတိတ်ကိုအစွဲထားလွန်းခြင်းနှင့် အနာဂါတ်ကို ကြိုအတွေးလွန်ခြင်း

အတိတ်ကအတွေ့အကြုံတွေကို ပြန်လည်သုံးသပ် အသုံးချနိုင်ပေမယ့် တသမတ်တည်း အသေမှတ်မထားသင့်ပါဘူး။ အဲ့လိုပဲအနာဂါတ်ကို ကြိုတင်စဉ်းစား ပြင်ဆင်ထားတာကောင်းပေမယ့် လက်ရှိပစ္စုပ္ပန်ကို အဓိကထားစဉ်းစားလုပ်ကိုင်ရမှာပါ။ ပစ္စုပ္ပန်မှာ ကောင်းကောင်းလုပ်နိုင်မှ အနာဂါတ်အတွက် အောင်မြင်မှုက သေချာနိုင်မှာပါ။

၉။ ဖြစ်ကတတ်ဆန်းလုပ်ခြင်း

"အဆင်ပြေရင်ပြီးရော" "ဘယ်လိုဖြစ်ဖြစ်ကောင်းပါတယ်" ဆိုတဲ့စကားမျိုးတွေကို တကယ်အောင်မြင်ထူးချွန်တဲ့သူတွေ ဘယ်တော့မှ မပြောပါဘူး။

၁၀။ စိတ်ထိခိုက်လွယ်လွန်းခြင်း

ဘယ်အရာကိုမှ လွယ်လွယ်ကူကူမခံစားပါနဲ့။ ကိစ္စသေးသေးလေးကို ထိခိုက်ခံစားလွယ်နေရင် သင် တကယ့်လုပ်ငန်းလောကမှာ ဘယ်လိုမှ အဆင်ပြေချောမွေ့နိုင်မှာမဟုတ်ပါဘူး။ အဲ့တာကြောင့်ပဲ တကယ်အောင်မြင်နေတဲ့သူတွေဟာ ဟာသဥာဏ်နဲ့ အရာရာကို ဖြေရှင်းတတ်ကြတာပါ။

Wilson Chan (YK)
Credit : Entrepreneur



lutawlupyaw

No comments:

Post a Comment