Sunday, March 29, 2015

"ယောက်ျားလေးများအတွက် အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ"

"ယောက်ျားလေးများအတွက် အသက် ၃၀ မတိုင်ခင် သိသင့်သော အရာများ"


(တခေါက်ဖတ်ဖူးရုံနဲ့ အကျိုးရှိမှာပါ)

၁။စီးပွားရေးကို အလေးထားပါ

တချို့လူတွေက ပြောကြတယ် ပိုက်ဆံရှိတိုင်း အကုန်လုပ်လို့မရနိုင်ဘူးတဲ့၊ ဒါပေမဲ့ ပိုက်ဆံမရှိရင်ရော ဘ၀ဟာ ကျေနပ်စရာတွေနဲ့ ပြည့်စုံပါ့မလား.... ။ ဒါကြောင့် အသက် ၃၀ မတိုင်ခင် သင့်ရဲ့အားအင်အများစုကို သင့်ဘ၀ရဲ့အလုပ်မှာ မြှုပ်နှံပါ။ အလုပ်မှာ ဘ၀တိုးတက်ဖို့အတွက် ကြံဆနေပါ။

၂။ပိုက်ဆံမျက်နှာ သိပ်မကြည့်ပါနဲ့

အလုပ်မှာ လစာ နည်းတယ်ဆိုပြီး စောဒကမတက်ပါနဲ့။ ဘဏ်ထဲမှာ ပိုက်ဆံပမာဏဟာ ဂဏန်း ၄ လုံးလောက်ပဲ ရှိပါလားဆိုပြီး သောကရောက်မနေပါနဲ့။ အနာဂတ်ကို ကြိုပြီး စိတ်ပူမနေပါနဲ့...ပင်ပန်းပါတယ်။ အခုလက်ရှိလုပ်ရမှာက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် လေ့လာသင်ယူပါ.... သင့်မှာ တကယ်လို့ ဘွဲ့ဒီဂရီ တခု ရှိထားတယ်ဆိုရင် သင်သိထားတဲ့ သဘောတရား သီအိုရီတွေကို လက်တွေ့ဘ၀မှာ အသုံးချဖို့ကြိုးစားပါ။ ရေရှည်စီမံကိန်းနဲ့ လေ့လာသင်ယူပါ.... အလုပ်ဟာ တကယ်တော့ အခမ်းနားဆုံး ကျောင်းတော်ကြီးပါပဲ။ အဲဒီအလုပ်ကပဲ သင်လေ့လာခဲ့တာထက်ပိုပြီးတော့ အတွေ့အကြုံတွေ အတွေးအခေါ်တွေကို သင်ပေးပါလိမ့်မယ်... ပညာမပြည့်စုံသေးရင် စိတ်မပူပါနဲ့ ဆက်တိုက်သင်ယူနေပါ.... ပိုက်ဆံမျက်နှာ တခုထဲကို မကြည့်နေပါနဲ့။ အသက်၃၀မတိုင်ခင် ကိုယ်ပိုင် တိုက်တွေကားတွေ ၀ယ်နိုင်တဲ့သူဆိုတာ ရှားပါတယ်။

၃။မိဘတွေကို စာနာ နားလည်ဖို့ကြိုးစားပါ

မိဘတွေ ဆုံးမတဲ့ အရာတွေကို စိတ်မဆိုးပါနဲ့... သူတို့ကို စာနာနားလည်ပေးပါ... သင်ဟာ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သူတို့ရဲ့မျက်လုံးထဲမှာ သင်ဟာ ကလေးပါပဲ... သူတို့ကို ပျော်ရွင်အောင်ထားပါ။ မတတ်နိုင်ရင်တောင် အနည်းဆုံးတော့ ဖုန်းဆက်တာ၊ လက်ဆောင်လေးတွေပေးတာတွေက သူတို့ကို စိတ်ချမ်းသာစေပါတယ်၊ သူတို့ စိတ်ပျော်ရွှင်ရင် သင့်မှာလဲ ကောင်းတာတွေ ရရှိလာပါလိမ့်မယ်။

၎။မိတ်ဆွေကောင်းတွေကို ပေါင်းသင်းဆက်ဆံပါ

မိတ်ဆွေ သူငယ်ချင်းဆိုတာ ဘ၀မှာ အရေးပါပါတယ်.... ကိုယ်ကောင်းတဲ့အချိန်မှာပဲ ပေါင်းတဲ့ မိတ်ဆွေမျိုးတွေချည်းနဲ့ပဲ သင့်အချိန်ကို မကုန်ပါစေနဲ့... အနည်းဆုံးတော့ ကိုယ်အခက်အခဲရှိတဲ့အချိန်မှာ ကူညီနိုင်မှသာ မိတ်ဆွေစစ်ဖြစ်တယ်။ မိတ်ဆွေကောင်းတွေကို ကောင်းကောင်းဆက်ဆံပါ.... သူတို့တွေ ဆင်းရဲသည်ဖြစ်စေ... ချမ်းသာသည်ဖြစ်စေ မိတ်ဆွေကောင်းဖြစ်ရင် ပေါင်းသင်းပါ၊

၅။အချစ်ကို မကိုးကွယ်ပါနဲ့

အချစ်တွေ သင့်ရင်ထဲမှာ ဖြစ်လာရင် ရင်ထဲမှာပဲ သိမ်းထားပါ။ ချစ်တယ်ဆိုတာ ကောင်းပါတယ်... လောကမှာ အချစ်အရေးကြီးဆုံးဆိုတဲ့သူတွေ ပြောစကားကို နားမယောင်ပါနဲ့.... တကယ်က တာဝန်ယူနိုင်စွမ်းကသာ အရေးပါတာပါ။ မိန်းကလေးတွေရဲ့ စိတ်ကိုနားလည်ဖို့ခက်ပါတယ်... သင်လုပ်ရမဲ့ အလုပ်က လက်တွဲချိန်တွဲ.... လက်တွဲဖြုတ်သင့်ရင် ဖြုတ်ဖို့ပါပဲ။ အသက် ၃၀ မတိုင်ခင် အချစ်ဟာ အတုအယောင်တော့မဟုတ်ပါဘူး ဒါပေမဲ့ များသောအားဖြင့် သူတို့ဟာ ကောင်းကောင်းမွန်မွန်မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေချို့တဲ့နေပါတယ်၊ အရင်ဆုံး လေ့လာသင်ယူသင့်ပါတယ်... မျက်စိမှိတ်ပီး မယုံသင့်ပါဘူး၊

၆။အနမ်းတော့ ရှိနိုင်ပါတယ် စိတ်မပူပါနဲ့

အချစ်ဆိုတာ အရေးအကြီးဆုံး မဟုတ်ပေမဲ့ အရေးတော့ပါပါတယ်။ လူအများစုက အသက် ၂၀ ကျော်လို့မှ ချစ်သူရည်းစားမရှိတော့ဘူးဆိုရင် တဘ၀လုံးပဲ လူပျိုကြီးဘ၀နဲ့ အရိုးထုတ်ရချည်ဆိုပြီး ကြောက်လန့နေတတ်ကြပါတယ်။ ဒါဟာ ယောက်ျားလေးတွေထက် မိန်းခလေးတွေက ပိုပြီး ပူပန်တတ်ကြပါတယ်၊ အသက် ၃၀ အရွယ် ယောက်ျားတယောက်ဟာ တက်သစ်စပန်းတပွင့်နဲ့ တူပါတယ်၊ ကြွေကျဖို့ထက် ပွင့်လန်းဖို့ ပိုပြီး အားသန်နေပါတယ်... ရင့်ကျက်တဲ့ယောက်ျား တယောက်မှသာ အချစ်ဆိုတာကို ရေရှည်တန်ဖိုးထားတတ်မှာပါ။ .. ဒါကြောင့် မိန်းကလေးတွေကို ရယူဖို့အတွက် ရူးရူးမူးမူး ကြိုးစားနေမဲ့အစား အသက် ၃၀ မတိုင်ခင်မှာ တယောက်တည်းနေခြင်းရဲ့ အရသာကို ခံစားပါ။

၇။အကုန်လုံးကို မလုပ်ချင်ပါနဲ့

သင့်မှာ အွန်လိုင်းဂိမ်း ကစားတာ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာ... ဓာတ်ပုံရိုက်တာ စသဖြင့် ၀ါသနာတွေရှိနိုင်ပါတယ်။ ဒါတွေဟာ ကျောင်းမပြီးခင် အချိန်အထိတော့ အချိန်ပေးလုပ်ခဲ့နိုင်ပါတယ်.... ဒါပေမဲ့ ကျောင်းပြီးလို့ အခုလို အလုပ်ထဲဝင်တဲ့အချိန်မှာတော့ အဲလိုဝါသနာတွေအတွက် အချိန်နဲ့ စွမ်းအင်တွေ အားစိုက်မှုတွေ လုပ်ဖို့မတတ်နိုင်တော့ပါဘူး... စိတ်ဝင်စားမှု ၀ါသနာဆိုတာ လူတိုင်းမှာရှိပါတယ်.... ဒါပေမဲ့ အရေးကြီးတာ မကြီးတာကို ခွဲခြားနိုင်ဖို့ ကြိုးစားပါ... အကုန်လုံးကို လုပ်ဖို့ မလွယ်ပါဘူး...

၈။လူငယ်ဆိုတာ မဆုံးရှုံးပါဘူး

ကျွန်တော်တို့ဟာ စိတ်ပူပန်စရာတွေနဲ့ ကြုံလာရင် စိတ်ပျက်အားငယ်သွားတတ်ကြပါတယ်။ အဲလိုအချိန် လူငယ်တွေမှာ အကောင်းမြင်သဘောထားရှိဖို့ လိုပါတယ်။ ဆုံးရှုံးသွားရင် အစကပြန်စပါ... မှားယွင်းသွားရင် နောက်တခါ ထပ်မဖြစ်အောင် ကြိုးစားပါ... အရှုံးပေးတာဟာ ကလေးဆန်တဲ့ အပြုအမူပါ။ အစွန်ဆုံးထိ အရှုံးမပေးပါနဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ... အမှားတခုဖြစ်ပြီးရင် ကိုယ့်ကိုယ်ကို အတိတ်မှာပဲ အဆုံးမသတ်လိုက်ပါနဲ့... ထပ်ကြိုးစားလို့အောင်မြင်ရင် အတိုင်းမသိ ၀မ်းသာဖို့ကောင်းပါတယ်....

၉။လူတွေကို အားကျပါ ဒါပေမဲ့ အတုမခိုးပါနဲ့၊ ကိုယ်နဲ့တွေ့တဲ့သူတွေကို မေတ္တာထား ဆက်ဆံပါ

လူတွေမှာ အားကျစရာ လူတွေရှိပါတယ်... ဒါပေမဲ့ ကိုယ့်ပုံစံနဲ့ကိုယ်နေပါ... သူတို့ကို အတုခိုးပြီး လိုက်လုပ်တာ ပင်ပန်းပါတယ်... ဘာလို့လဲဆိုတော့ သင်ဟာ သင်ပါပဲ.... ကိုယ်မကြိုက်တဲ့လူနဲ့ တွေ့ရင်လဲ မဝေဖန်ပါနဲ့ လူတွေမှာ သူတန်ဖိုးနဲ့သူ ရှိကြပါတယ်... သူတို့ကို နားမလည်နိုင်ဘူးဆိုရင် လက်ခံနိုင်ဖို့ အားထုတ်ပါ၊

၁၀။တာဝန်ယူစိတ် ရှိပါစေ

အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ လုပ်ခဲ့လုပ်ခဲ့ အခုအချိန်ကစပြီး မှန်ကန်ယုံကြည်ရတဲ့ လူဖြစ်အောင် ကြိုးစားပါ.... ယောက်ျားလေးတွေဟာ အလုပ်မှာပဲဖြစ်ဖြစ် ဘ၀မှာပဲဖြစ်ဖြစ်၊ တာဝန်ယူတတ်တဲ့စိတ်ရှိဖို့ လိုပါတယ်.... ဒါမှ လူတွေက သင့်ကို ယုံကြည်ကြမှာပေါ့... နောက်ဆုံး အိမ်ထောင်ဖက် ရွေးတဲ့နေရာမှာတောင် မိန်းကလေးတွေဟာ တာဝန်ယူရဲတဲ့ ယောကျာ်းလေးတွေပဲ ရွေးချယ်ကြတယ်မဟုတ်လား။

၁၁။ယောကျာ်းလေးတွေမှာ အဆင်းက အရေးမပါပါဘူး

ရုပ်ရည်ချောမောမှုကို ဦးစားမပေးပါနဲ့။ ကြင်နာတဲ့ နှလုံးသား၊ သန့်ရှင်းတဲ့စိတ်... ရိုသားတဲ့ဂုဏ်အင်တွေက ပိုပြီးအရေးပါပါတယ်... လူတွေက ရုပ်ချောတဲ့လူထက် မညစ်ပတ်တဲ့သူကို ပိုသဘောကျပါတယ်။ တကယ်လို့ ရုပ်ချောတာမှ ကြိုက်တယ်ဆိုတဲ့ သူတွေနဲ့ တွေ့ခဲ့ရင် အလေးမထားပါနဲ့... ဒီလိုလူမျိုးတွေက အမြင်ကျဉ်းမြောင်းတဲ့သူတွေ ဖြစ်နေလို့ပါပဲ။

၁၂။ကိုယ်ကိုယ်ကို ကာကွယ်ဖို့ သင်ယူထားပါ

ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ညဘက် နောက်ကျမှ အိပ်တာတွေက အခုအချိန်မှာတော့ အရေးမကြီးဘူးဆိုပြီး ဆက်လုပ်ဖို့ မကြိုးစားပါနဲ့... အခုအချိန်မှာ မသိသာပေမဲ့ ၃၀ ကျော်လာတဲ့အခါမှာ သိသာကွာခြားသွားပါတယ်.... ဘ၀မှာ ရှင်သန်ဖို့အတွက် ကျန်းမာဖို့ လိုပါတယ်... မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် ပုံမှန်ကျန်းမာဖို့ကြိုးစားပါ.... ကိုယ့်ကိုယ်ကို ကာကွယ်ပါ။

၁၃၊မအောင်မြင်မှာကို မစိုးရိမ်ပါနဲ့

အခုအချိန်အထိ သင်ဟာ အောင်မြင်တဲ့သူတယောက် မဖြစ်သေးဘူးဆိုပီး စိုးရိမ်မနေပါနဲ့.... အလုပ်ကို ပုံမှန်လုပ်ပြီး အသိပညာကိုသာ လေ့လာပါ... သင်နဲ့ အသင့်တော်ဆုံးအလုပ်ကိုလုပ်ပြီး သင့်ရဲ့ အောင်မြင်မှုကို လှမ်းယူပါ...

၁၄။အလုပ်ကို ဂရုတစိုက်လုပ်ပါ

အခုလက်ရှိအလုပ်ဟာ ပျင်းစရာ ဘယ်လောက်ပဲကောင်းကောင်း... ဘယ်လောက်ပဲ နိမ့်တဲ့အလုပ်ဖြစ်ပါစေ... အစွမ်းကုန် အားထုတ်လုပ်ဆောင်ပါ.... အောင်မြင်တဲ့လူဆိုတာ အသေးအဖွဲအလုပ်တွေက စခဲ့ကြတာပါ၊ အဓိကက အလုပ်မှာ ထားတဲ့စိတ်ထားနဲ့ အလုပ်သဘောတရားလေးတွေကို နားလည်ဖို့ကသာ အနာဂတ်အတွက် အရေးကြီးပါတယ်။

၁၅။စစ်မှန်တဲ့ ခံစားမှုတွေကိုပဲ အလေးပေးပါ

မိန်းကလေးတွေကို ဖိနပ်လဲစီးပေးနိုင်တဲ့၊ အ၀တ်အစားလှလှလေးတွေ ဝယ်ပေးနိုင်တဲ့သူတွေကို မနာလို မဖြစ်ပါနဲ့... သင့်အတွက် အချိန်ကုန်ပါတယ်... မိန်းကလေးတွေ အစိုးရိမ်ဆုံးက ချစ်သူရှာမတွေမှာ မဟုတ်ဘူး.... ကိုယ့်ချစ်သူ ကိုယ့်အပေါ် အချစ်တွေ ကုန်ခမ်းသွားမှာကိုပါ။ ချစ်တယ်ဆိုတဲ့ စကားလုံးလေးတလုံးကသာ သင့်ချစ်သူကို ပျော်ရွင်မှုတွေ အမှန်တကယ်ရရှိစေပါတယ်... လောကမှာ တခြားသူထက် ပိုပေးနိုင်တာထက် စစ်မှန်တဲ့ခံစားမှု အကြင်နာကသာ အောင်မြင်ခြင်းကို ပို့ဆောင်ပေးပါတယ်...

၁၆။အပြစ်ကင်းတဲ့ ကလေးလိုစိတ်မျိုး နည်းနည်းတော့ ထားပါ

တခါတလေမှာ ကလေးဆန်တဲ့ ရိုးရှင်းတဲ့ စိတ်သဘောထားလေးကို ထားတတ်ဖို့လိုပါတယ် ... အပြစ်ကင်းတာ တုံးအတာမဟုတ်ပါဘူး... ဖြူစင်တာပါ... စိတ်ထား ဖြူစင်မှသာ တကယ်ပျော်ရွင်မှုကို သင်ရရှိမှာပါ... ဘ၀မှာ အောင်မြင်တာ၊ ကျရှုံးတာ၊ မပြည့်စုံတာ အစရှိတဲ့ လောကဓံတွေကိုဖြူစင်တဲ့ စိတ်ထားလေးနဲ့ ကြည့်ပြီး ပျော်ရွင်နိုင်ဖို့ ကြိုးစားကြည့်ပါ..

မိန်းကလေးတိုင်း တောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine

Credit : Hla Htay Oo



lutawlupyaw

No comments:

Post a Comment