"ဝမ်းနည်းဖွယ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုခြင်းဟာ သင့်ကို ကိုယ်အလေးချိန်တက်စေနိုင်"
မျက်ရည်ပေါက်ပေါက်ကျရတဲ့အထိ ၀မ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ကျွန်ုပ်တို့ကို fast food တွေ ပိုစားဝင်အောင် ကူညီပေးနေပါတယ်။ ခပ်ပေါ့ပေါ့ အမေးအဖြေ ပြကွက်တွေထက် အက်ရှင်ရုပ်ရှင် ဇာတ်ကားတွေကလည်း လူတွေကို ပိုမိုမြန်မြန်စွာ စားသုံးနိုင်စေတယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။
ဒါပေမယ့် ရုပ်ရှင်ကြည့်ရင်း အဆာပြေစားတာဟာ စိတ်ခံစားချက်အလျောက် ဖြစ်ပေါ်လာတာမျိုးပါ။ ဘာလို့လဲဆိုရင် အလွမ်းဆွေး စိတ်မကောင်း ဝမ်းနည်းဖွယ် ရုပ်ရှင်ကားတွေက လူကို အစားပိုစားစေတာကြောင့်လို့ ဒီသိပ္ပံပညာရှင်တွေကပဲ ဖော်ပြခဲ့ကြပါတယ်။ အစောပိုင်းလေ့လာမှု တစ်ခုမှာ သုတေသီတွေက အမေရိကန်မြို့ (၇) မြို့ရဲ့ Thankgiving ရက်သတ္တပတ်တစ်ခုမှာ ရုပ်ရှင်ရုံတွေက စွန့်ပစ်ပြီး ထားခဲ့ထားတဲ့ ပေါက်ပေါက်ဆုပ်တွေကို အလေးချိန် ချိန်ကြည့်၊ ဗူးခွံတွေရေတွက်ပြီး စူးစမ်းမှုတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီမှာသိရှိလိုက်ရတာက ဟာသရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ My Big Fat ထက် စိတ်မကောင်း ဝမ်းနည်းစရာ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Solaris ကြည့်ရှုစဉ် အဆာပြေမုန့်တွေ ပိုစားခဲ့ကြတယ်ဆိုတာပါပဲ။
Trend Myanmar
Thursday, March 5, 2015
"ဝမ်းနည်းဖွယ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုခြင်းဟာ သင့်ကို ကိုယ်အလေးချိန်တက်စေနိုင်"
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment