" မတ်လ ၂၀ ရက်နေ့ နေ အပြည့်ကြတ်မည် "
လာမယ့် ၂၀၁၅ ခုနှစ် မတ်လ ၂၀ ရက် သောကြာနေ့ မှာတော့ ကမ္ဘာနဲ့နေ ကြားကို လမင်းကြီး ရောက်ရှိပြီး.. နေ အပြည့်ကြတ်မှု ဖြစ်မှာဖြစ်ပါတယ်..။
နေကြတ်မှုများဟာ လကွယ်နေ့များနှင့်တွဲကာ ဖြစ်ပေါ်တတ်ပြီး.. လ ကြတ်မှုကတော့ လပြည့်နေ့များနဲ့ တိုက်ဆိုင်တတ်ပါတယ်။ ဒီတစ်ခေါက် နေကြတ်တာကတော့ တပေါင်းလကွယ်ပြီး နောက်တစ်ရက်မှာပေါ့..။
အခုလို နေနှင့်ကမ္ဘာကြား လ ဝင်ရောက်မှုကြောင့် ကမ္ဘာပေါ်ရှိ ဒေသအချို့မှာ နေ့ဘက်တွင် ရုတ်တရက် မှောင်မိုက်သွားခြင်းကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ corona လို့ခေါ်တဲ့ နေရဲ့လှပတဲ့ အစွန်းထွက် အလင်းရောင်ခြည်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
ယခုတစ်ခေါက် မြင်တွေ့ရမယ့်ဒေသများကတော့ အတ္တလန္တိတ်သမုဒ္ဒရာ မြောက်ပိုင်းဒေသများ၊ အာတိတ် ရပ်ဝန်းဒေသအချို့တို့ဖြစ်ပါတယ်။ ဂရင်းလန်နဲ့ ရုရှားမြောက်ပိုင်းကြား ဒေသတွေ ဖြစ်ပါတယ်။ ဥရောပတိုက်နဲ့ အာဖရိကမြောက်ပိုင်း အနည်းငယ်ပါ ပါတယ်။ (မြေပုံမှာ ဖော်ပြထားပါတယ်။)
(ကျနော့် Page က သိပ္ပံ Page သပ်သပ် ဖြစ်တဲ့အတွက်.. တချို့ အရာတွေကို သိပ်မတင်ဖြစ်ပါဘူး..။ ဒါပေမယ့် အလျင်းသင့်လို့.. ယုံကြည်တဲ့ သူတွေအတွက် (အကျိုးရှိမယ်ထင်လို့) ကျနော် သိတာလေး တစ်ခုကို ပြောပြချင်ပါတယ်။ ရှေးလူကြီးများ ပြောစကားအရတော့ ကြတ်တယ်ဆိုတာ အချုပ်နှောင် ခံရခြင်းလို့ ယူဆကြပြီး အဲ့ဒီ့လို ကြတ်ပြီး လွတ်မြောက်တဲ့အချိန်မှာ အချုပ်အနှောင် ခံထားရသူတွေအတွက် လွတ်မြောက်ပါစေလို့ ဆုတောင်းပေး နိုင်ပါတယ်။ ဆုတောင်း ပြည့်နိုင်ပါတယ်။ အထူးသဖြင့် လကြတ်ချိန် ဖြစ်ပါတယ်။)
သန့်ဦး (အာကာသနှင့် စကြဝဠာ)
lutawlupyaw
No comments:
Post a Comment