Sunday, March 8, 2015

ဒီနှစ်ပိုင်းတွင်းမှာ ဆုံးရှုံးခဲ့ရတဲ့ အရာတွေက တဖြည်းဖြည်း များလာတဲ့အခါ

ဒီနှစ်ပိုင်းတွင်းမှာ ဆုံးရှုံးခဲ့ရတဲ့ အရာတွေက
တဖြည်းဖြည်း များလာတဲ့အခါ လူတွေအကြောင်းကိုလည်း တဖြည်းဖြည်း ပိုပိုသိသိလာရပါတယ်။ အချိန်ကြာလာသည်နှင့် အမျှ ကိုယ်ကိုယ်တိုင်လည်း တဖြည်းဖြည်း ပိုပြီး လက်တွေ့ ဆန်လာပါတယ်။

ကိုယ်အရမ်းတန်ဖိုးထားမိသွားတဲ့ သူက
တန်ဖိုးမဲ့သွားအောင်လို့ သူတန်ဖိုးသူ ချသွားတာမျိုး ရှိသလို၊ ကိုယ်ယုံကြည်လွန်းပြီး ကိုယ့်ပေါ်ထိခိုက်အောင်
မလုပ်လောက်ဘူးလို့ ထင်တဲ့သူကလည်း
ကိုယ့်ကိုပြန်ရပ်တည်မရအောင်
လုပ်သွားတာမျိုးကိုလည်း တွေ့ရပါတယ် ။

တစ်သက်လုံးမခွဲပါဘူး၊ ကိုယ်ကလွဲရင်
တခြားသူကိုချစ်ရင် အသေဆိုးနဲ့သေပါစေလို့
ကျိန်ဖူးတဲ့သူက တခြားကောင်မလေးနဲ့
ပျော်မြူးနေတာတွေကိုလည်း တွေ့ရပါတယ်။

လိုသမျှကူညီပေးဖူးတဲ့ သူငယ်ချင်းတွေက ကိုယ်တကယ်အရေးကြုံလို့ ပြန်အကူညီတောင်းတဲ့အခါ
ပြန်လှည့်မကြည့်ပဲ ရှောင်ထွက်သွားပြီး
သူစိမ်းတွေ ဖြစ်သွားတာမျိုးလည်း ရှိပါတယ် ။

ဒီလိုနဲ့ပဲ တဖြည်းဖြည်း သွေးအေးလာတယ်ပြောရမလား။ ခံစားချက်တွေ ပေါ့သွားတယ် ပြောရမလားပဲ။ ကူညီစရာရှိရင် အပြည့်အဝ ကူညီပေးလိုက်ပါတယ်။
ဘယ်သူ့ကိုမဆို အရမ်းမျှော်လင့်ထားတာမျိုး မရှိတော့ပါဘူး။

တစ်ခုခု သူတစ်ပါးအနိုင်ကျင့်ခံရတာ ကြုံလာလည်း ငယ်တုန်းကလို ကလဲ့စားချေသလို ပြန်တုန့်ပြန်တာထက် ဘယ်လိုအကောင်းဆုံး ရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတဲ့ လမ်းကြောင်းကို ပိုပြီး ဇောင်းပေးမိပါတယ်။ သူတို့တွေ ကိုယ့်ကို ထိခိုက်အောင် လုပ်လာတိုင်း ကိုယ့်ရဲ့ အတိတ်ကံကြောင့်လို့ပဲ သတ်မှတ်ပြီး ဒီဘဝမှာတော့ သူတို့ပေါ် မတရားပြန်တုန့်ပြန်တာမျိုး မလုပ်ဖြစ်တော့ပါဘူး။ သူမကောင်းတာက သူ့ကံ ကိုယ်ကောင်းတာက ကိုယ့်ကံလို့ မှတ်ယူနိုင်သွားပါတယ်။

ဒီလိုမျိုး မြင်နိုင်သိနိုင်တဲ့အခါမှာ အတော်လေးကို အေးချမ်းသွားပါတယ်။ အရင့်အရင်က အမုန်းနေ့စွဲတွေထဲမှာ ပျော်မွေ့နေမိတဲ့ အချိန်တွေ နှမြောစရာကောင်းမှန်း သိလာပါတယ်။
ဘယ်အရာတွေက အရေးကြီးသလဲ တန်ဖိုးထားသင့်သလဲ ဆိုတာကိုလည်း ကွက်ကွက်ကွင်းကွင်း သိသွားရပါတယ် ။

╔══╗
╚╗╔╝
╔╝(¯`v´¯)
╚══`.ချစ်တဲ့... မနုဿ

မနုဿ ရဲ့ စာမျက်နှာလေးများ


No comments:

Post a Comment