" တစ်ကိုက်ပြီးမှ တစ်ကိုက် "
စာဖတ်သူတို့ ကိတ်မုန့်စားတဲ့အခါ တစ်ကိုက်ကို ဝါးမြိုပြီးမှ နောက်တစ်ကိုက်ကို စားခြင်း ဖြစ်ပါသလား သို့တည်းမဟုတ် အားလုံးကို တစ်ပြိုင်နက်တည်း ထည့်ဝါးခြင်း ဖြစ်ပါသလား။ ကိတ်မုန့်တင် မက အခြားသော ဘယ်လို မုန့်မျိုးမဆို ကြီးတယ်ဆိုရင် တစ်ကိုက်ပြီးမှ တစ်ကိုက် သေချာဝါးပြီး၊ ချေညှပ်ပြီး၊ ဝမ်းတွင်းရောက်မှ နောက်တစ်ကိုက် စားရခြင်း ဖြစ်ပါတယ်။
ဘဝမှာလည်း ဒီလိုပါပဲ။ မိမိတို့ ဘဝတွေ၊ လုပ်ငန်းခွင်တွေ မှာ အခက်အခဲများစွာ ရှိပါတယ်။ ယင်း အခက်အခဲများကို များလိုက်တာ ဆိုတဲ့ တွေးတွေဝင်ပြီး ငါ မလုပ်နိုင်တော့ဘူးလို့ မှတ်ယူလိုက်တဲ့အခါ ယင်း မှတ်ယူထားသည့် အတိုင်းကို ဖြစ်သွားပါတယ်။ အကယ်၍သာ ယင်း ပြဿနာ များကို တစ်ခုပြီးမှ တစ်ခု အရေးကြီးတာကနေ စလို့ ဖြေရှင်းပေးမယ် ဆိုရင် အားလုံး အဆင်ပြေ သွားမှာပါ။ ကိတ်မုန့် စားသလိုပါပဲ တစ်ကိုက်ပြီးမှ တစ်ကိုက် စားရမှာ ဖြစ်ပါတယ်။ ပြဿနာ တွေကိုလည်း တစ်ခုပြီးမှ တစ်ခု ဖြေရှင်းပေးမယ် ဆိုရင် စိတ်ဖိစီးမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။
ပညာသင်ကြား ဆည်းပူးတဲ့ အခါမှာလည်း ကိုယ့်မှာ တတ်စရာ၊ လေ့လာစရာတွေ များနေမှာ အမှန်ပါပဲ။ ယင်းအရာများကို စုလိုက်တဲ့အခါ ငါမလုပ်နိုင်တော့ဘူးလို့ တွေးမြင်ပြီး လက်လျော့လိုက်သူများက ကျရှုံးပါတယ်။ ယင်းအရာများထဲက အရင်ဆုံး တတ်သင့်တာများကို ဦးစားပေး သင်ယူခြင်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့် သွားတဲ့အခါ နောက်ဆုံးတော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ နေရာတစ်ခုဆီကို ရောက်ရှိ သွားနိုင်ပါတယ်။
တစ်ကိုက်ပြီး တစ်ကိုက် စားရသလိုပဲ ဘဝမှာ တစ်ခုပြီး တစ်ခု ရင်ဆိုင် ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။
အောင်ခမ်း (www.innewsmyanmar.com)
Monday, March 9, 2015
" တစ်ကိုက်ပြီးမှ တစ်ကိုက် "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment