" ဆယ်ကျော်သက်များ ကြက်သားစားပေးပါ "
ကြက်သားကို စားသုံးမှုများတဲ့ ဆယ်ကျော်သက်တွေဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျတယ် လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုဟာ ဆယ်ကျော်သက်ဘဝမှာ ကြက်သားစားခဲ့ကြတဲ့ အမျိုးသမီး ၂၀ဝ၀ဝ ကျော်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သုတေသနပညာရှင်များက အနီရောင်စားသုံးမှုနဲ့ အူမကြီးကင်ဆာဖြစ်ပွားမှု တိုက်ရိုက် ဆက်စပ်နေတယ်ဆိုတာကို အရင်က ဖော်ထုတ်ခဲ့ပြီးဖြစ်ကြောင်း အခုတွေ့ရှိချက်အရ အဖြူရောင်အသားထဲမှာ ပါဝင်တဲ့ ကြက်သားကို စားသုံးပေးခဲ့သူများဟာ အသက်အရွယ်ရလာရင် အူမကြီးကင်ဆာအဖြစ်ကို ပြောင်းလဲသွား နိုင်တဲ့ အကျိတ်တွေ ဖြစ်ပွားမှုနှုန်း လျော့နည်းနေကြောင်း ပြောကြားခဲ့ပါတယ်။
သုတေသီ Dr Katharina Nimptsch က 'ကင်ဆာအမျိုးမျိုးရှိတဲ့အနက် အူမကြီးကင်ဆာဟာ နေ့စဉ်စားသုံးတဲ့ အစားအစာတွေနဲ့ သက်ရောက်မှုကို အခံရဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။ အရင်လေ့လာမှုတွေဟာ လူကြီးဘဝမှာ စားသုံးတဲ့အစား အစာတွေက ရောဂါဖြစ်နိုင်ချေကိုပဲ လေ့လာနိုင်ခဲ့ပြီး အခုတော့ ဆယ်ကျော်သက်ဘဝမှာ ကြက်သားစားခဲ့ရင် အူမကြီးကင်ဆာ ဖြစ်ပွားမှု လျော့နည်းနိုင်ကြောင်းကို တွေ့ရှိခဲ့ပါတယ်'' လို့ ပြောကြားထားပါတယ်။
လေ့လာမှုမှာ အသက် ၃၄ နှစ်မှ ၅၁ နှစ်အတွင်း အမျိုးသမီးများကို အထက်တန်းကျောင်းသူဘဝမှာ အစားအစာဟာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အနီရောင်အသားကို စားသုံးမှုများသူတွေမှာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ချေနှုန်း မြင့်တက်နေတာကို
တွေ့ရှိခဲ့ပြီး ကြက်သား၊ ငါး စတဲ့အဖြူရောင်အသား (white- meat) စားသုံးသူတွေမှာတော့ ကင်ဆာကိုဖြစ်ပွားစေနိုင်တဲ့ adenoma အကျိတ်တွေ ဖြစ်ပွားမှုမရှိတာကို တွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့် လူကြီးဘဝမှာ ကြက်သားစားသုံးမှုကတော့ ရောဂါအပေါ် ကောင်းကျိုးဆိုးကျိုးပေးမှု မရှိဘူးလို့လည်း သိရပါတယ်။ အခုလေ့လာမှုကို American Journal of Epidemiology မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
Credit : Health Updates Journal
lutawlupyaw
No comments:
Post a Comment