Monday, March 9, 2015

" Google မှာ အလုပ်လုပ်ပြီး ကွယ်လွန်ခဲ့ရင် "

" Google မှာ အလုပ်လုပ်ပြီး ကွယ်လွန်ခဲ့ရင် "

Google ဟာ ကမ္ဘာပေါ်မှာ သူတို့ ဝန်ထမ်းတွေကို အကောင်းဆုံး ထောက်ပံ့မှု ပေးတဲ့ ကုမ္ပဏီအဖြစ် စံချိန်တင်ထားပါတယ်။ အကယ်၍ သူတို့ဆီက ဝန်ထမ်းတစ်ဦး လွယ်လွန်သွားရင် ယင်းဝန်ထမ်းရဲ့ ကျန်ရှိ မိသားစုဟာ ၁၀ နှစ် တိတိ သူ့လစာရဲ့ တစ်ဝက်တိတိကို ခံစားပိုင်ခွင့် ရှိပါတယ်။

ဒါ့အပြင် နောက်ထပ် ရပိုင်ခွင့်ကတော့ သားသမီးရှိရင် သားသမီး အားလုံးကို အထက်တန်း ကျောင်းပြီးတဲ့အထိ ထားပေးရပြီး ပညာတော်ရင် ပညာတော်သင်ဆုပါ ပေးပါသေးတယ်။ အကယ်၍ သားသမီးတို့ ရွေးချယ်တဲ့ ပညာရေးလမ်းကြောင်းဟာ Google ကုမ္ပဏီရဲ့ တာဝန်ရာထူး တစ်ခုမှာ လုပ်ကိုင်ဖို့ သင့်တော်တယ်ဆိုရင် ဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်ဖို့အတွက် ဦးစားပေး စဉ်းစားပါသေးတယ်။

ဒ့ါအပြင် ဝန်ထမ်းတွေကို မွေးနေ့ရောက်ရင် ခရီးသွားခွင့်၊ ရက်ရှည် အနားယူခွင့် တို့ကို ပေးအပ်သေးပြီး မွေးနေ့ လက်ဆောင်ပစ္စည်းတွေလည်း ပေးပါတယ်။ ရုံးထဲမှာလည်း လွတ်လွတ်လပ်လပ် ဆော့ကစားလို့ရအောင် ဖန်တီးထားပေးပြီး အပန်းဖြေဖို့အတွက် ပစ္စည်း ပစ္စယ များလည်း စုံလင်ပါတယ်။ ဒါကြောင့်မို့ Google ဟာ ကမ္ဘာပေါ်မှာ ဝန်ထမ်းတွေကို အကောင်းဆုံး ထောက်ပံ့ပေးတဲ့ ကုမ္ပဏီတစ်ခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

အောင်ခမ်း (ရိုးရာလေး)


No comments:

Post a Comment