Wednesday, May 13, 2015

"ဘာသာပေါင်းစုံ ချစ်ကြည်ရေးတဲ့လား ??"


"ဘာသာပေါင်းစုံ ချစ်ကြည်ရေးတဲ့လား ??"

ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ခေါင်းစဉ်ကိုတော့ မပြောလိုဘူး။ ခေါင်းစဉ် အဓိပ္ပာယ်က ကောင်းပါတယ်။

ဒါပေမယ် အဲ့ဒီခေါင်းစဉ်အောက်မှာ ဘာတွေလုပ်နေသလဲ ဆိုတာတော့ အရေးကြီးတယ်။ ခေါင်းစဉ်နဲ့ရော တကယ်ပဲ ကိုက်ညီရဲ့လား။ သိပ်အရေးကြီးပါတယ်။

အဲ့ဒီခေါင်းစဉ်အောက်မှာ အောက်ပိုင်းက ပုဆိုးဝတ် အပေါ်က သင်္ကန်းခြုံထားတဲ့ လူတစ်ယောက်ကို ရေသန့်ဗူး ကပ်ဟန်ပြု သရော်တော်တော် ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်တာ ဘာသာပေါင်းစုံချစ်ကြည်ရေးလား။

ဘုန်းကြီးဟု ယူဆရသူတစ်ဦးနဲ့ အအေးပုလင်းတွေမြှောက် Cheer လုပ်တာ ဘာသာပေါင်းစုံချစ်ကြည်ရေးလား။

အဲ့ဒီရဟန်းလို့ ယူဆရသူတစ်ဦးနဲ့ ဘာသာခြား အမျိုးသားတို့ ပုခုံးဖက် ခန္ဓာကိုယ်ချင်း ထပ်ကပ်ပြီး ဓာတ်ပုံရိုက် ဖေ့ဘွတ်ပေါ်တင်တာ ဘာသာပေါင်းစုံ ချစ်ကြည်ဖို့အတွက်လား။

အဲ့ဒီရဟန်းကို ရဟန်းအစစ်ဖြစ်နေတယ်ဆိုရင်တောင် အကြည်အညိုပျက်တာကလွဲလို့ ဘာချစ်ခင်မှုမှတော့
ဖြစ်မလာပေဘူး။ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားနဲ့တကိုင်းတည်းထား ကိုးကွယ်ရာ ရဟန်းကိုတောင် အကြည်အညိုပျက်ပြီ ဆိုမှဖြင့် အဲ့ဒီအပြုအမူတွေကို အတူတူပူးပေါင်း လုပ်ဆောင်နေသော ဘာသာခြားများအပေါ် ချစ်ခင်စိတ်ဝင်မလား၊ သံသယစိတ် ဝင်မလား မူလတန်းကလေးတောင် တွေးကြည့်လို့ရပါတယ်။

နောက်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုရာမှာ လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေသော သူပုန်အဖွဲ့များနှင့် ဆက်ဆံစရာလိုပါသလား။ တိုင်းပြည် ဥပဒေပြင်ပက သောင်းကျန်းသူ အဖွဲ့များဖြင့် ဆက်သွယ်တာတွေသည် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဖြစ်မလာသည့်အပြင် အိမ်နီးချင်းနိုင်ငံတစ်ခုက လူဦးရေ အကြီးအကျယ်ပေါက်ကွဲပြီး ကျွန်တော်တို့နိုင်ငံထဲကို အလုံးအရင်းကျူးကျော်ဝင်ရောက်ရန် အချိန်ပြည့် ကြိုးစားခြင်းကို ခံနေရသော ကျွန်တော်တို့နိုင်ငံအတွက် အန္တရာယ်သတိပေး ခေါင်းလောင်းသံပဲ ဖြစ်သည်။

သက်ဆိုင်ရာ အာဏာပိုင် လူကြီးမင်းများကိုလည်း မေးခွန်းထုတ်လိုပါသည်။ ကျွန်တော်တို့နိုင်ငံမှာ သူပုန်သောင်းကျန်းသူ မြေအောက်လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တရားဝင် ထိတွေ့ဆက်ဆံခွင့်ကို ဥပဒေက ခွင့်ပြုထားပါသလား။ ယင်း မြေအောက် အဖွဲ့အစည်းတွေရှိသည့်နေရာကို တကူးတကသွား၊ ဘယ်လိုဆက်နွယ်မှုတွေ ရှိမှန်းမသိတဲ့သူတွေကို လွှတ်တော်ထဲထိ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်၊ အတိုက်အခံပါတီတစ်ခု ခေါင်းဆောင်နှင့် ရင်းရင်းနှီးနှီးတွေ့ခွင့် ပေးထားရလောက်အောင် ကျွန်တော်တို့ နိုင်ငံလုံခြုံရေး ကျိုးပေါက်နေပြီလား။ ဥပဒေနှင့် ညီသလား။ တကယ်နားမလည်ပါ။

ချုပ်ရရင်တော့ ပုံပါလူကြီးမင်းတို့ ဒီအတိုင်းဆက် လုပ်ချင်သပဆို လူကြီးမင်းတို့ လွတ်လပ်ခွင့်ပါပဲ။ လုပ်ကြပါ။ တားဆီးဖို့လည်းမရှိပါ။ သို့ပေမယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုသော ခေါင်းစဉ်ကိုဖြင့် မသုံးကြစေလိုပါ။ လူကြီးမင်းတို့ လုပ်သမျှသည် ဘာသာပေါင်းစုံချစ်ကြည်ရေးကို မဖြစ်ပေါ်စေသည့်အပြင် ဘာသာပေါင်းစုံ သံသယ ကြီးထွားရေးကို အကြီးအကျယ်ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေလည်း စောင့်ကြည့်သင့်သလို ငြိမ်းချမ်းစွာ အတူနေထိုင်လိုသော၊ နိုင်ငံသားသစ္စာရှိသော အစ္စလာမ်ဘာသာဝင်များကလည်း
စောင့်ကြည့်သင့်ပါတယ်။ ဖေ့ဘွတ်ပေါ်မှာတော့ ဒီဓာတ်ပုံတွေဟာ ပွဲဆူတုန်းခဏပဲ ပြန့်နှံ့ကြ၊ ပြောကြနဲ့ တစ်ပတ်လောက်ဆို ပြီးသွားကြမှာဖြစ်ပေမယ် ရင်ထဲထိ ရောက်လာသော သံသယ၊ မယုံကြည်မှုတွေက တစ်သက်လုံး ပါသွားတော့မှာပါ။


ဝေနွယ်လွင်

No comments:

Post a Comment