Wednesday, May 13, 2015

"ၾသစေၾတးလ် ထိပ်တန်းကောလိပ်တွင် မြန်မာကျောင်းသား အထူးချွန်ဆုံး ကျောင်းသားဆု ရရှိ"


"သြစတြေးလျ ထိပ်တန်းကောလိပ်တွင် မြန်မာကျောင်းသား အထူးချွန်ဆုံး ကျောင်းသားဆု ရရှိ"

ရန်ကုန် ၊ ၁၄-၅-၂၀၁၅

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ထိပ်တန်း ကောလိပ်တစ်ခု ဖြစ်သည့် UTS; INSEARCH ၏ UTS Foundation Studies က ပေးအပ်သော Semester 3 အထူးချွန်ဆုံး ကျောင်းသားဆု Outstanding Graduate Prize ကို မြန်မာကျောင်းသား သိင်္ဂါအောင်သန်း က ရရှိခဲ့ကြောင်း သိရသည်။

သိင်္ဂါအောင်သန်းသည် UTS Foundation Studies အစီအစဉ်တွင် ၁ဝ မှတ် ပေးရာတွင် ၉ ဒသမ ၇ မှတ်ရရှိပြီး ၄င်းဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ သိင်္ဂါအောင်သန်း သည် ဆစ်ဒနီ နည်းပညာတက္ကသိုလ် University of Technology, Sydney (UTS) ကို တက်ရောက်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် UTS; INSEARCH ၏ UTS Foundation Studies အစီအစဉ်ကို ပြီးမြောက်ခဲ့ခြင်း ဖြစ်ပြီး အင်ဂျင်နီယာဘွဲ့အတွက် Mechanical နှင့် Mechatronic မေဂျာတို့ကို အထူးပြု တက်ရောက်သင်ယူလျက် ရှိကြောင်း သိရသည်။

''UTS; INSEARCH က ကျွန်တော့်ကို တက္ကသိုလ်ဘဝနဲ့ မိတ်ဆက်ပေးပြီး UTS မှာ စာသင်ကြားရတာကို ပိုမိုလွယ်ကူစေပါတယ်။ အထက်တန်းကျောင်းမှာတုန်းက ကျွန်တော် assignments တွေ၊ အွန်လိုင်းကနေ လုပ်ရတာတွေ မလုပ်ဖူးဘူး။ ဒါပေမဲ့ UTS; INSEARCH ကို ရောက်တဲ့အခါ ကျတော့ ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲပြီး assignment တွေလုပ်ဖို့ စဉ်းစားရတယ်။ ကိုယ့်ဘာသာကိုယ် လေ့လာတာတွေက လက်တွေ့လုပ်နိုင်တဲ့  အသိပညာတွေ ရလာစေခဲ့ပါတယ်။ အဲဒီကတစ်ဆင့် အမှတ်တွေ ကောင်းလာခဲ့တာပါ။ ဒါပေမယ့် UTS; INSEARCH က ဒါကို အဆင်ပြေ လွယ်ကူစေခဲ့ပါတယ်'' ဟု မြန်မာ ထူးချွန်ကျောင်းသား သိင်္ဂါအောင်သန်း ကပြောသည်။

UTS သည် Times Higher Education ၏ ထိပ်တန်း တက္ကသိုလ် ၁ဝဝ တွင် သက်တမ်း နှစ် ၅ဝ အောက် တက္ကသိုလ် များ၌ သြစတြေးလျတွင် နံပါတ် ၁၊ တစ်ကမ္ဘာလုံးတွင် အဆင့် ၂၁ စာရင်းဝင်လျက် ရှိသည်။ UTS; INSEARCH မှ နှစ်စဉ်နှစ်တိုင်း ထူးချွန်သည့် ပညာသင်ကြားမှု ရလဒ်များရရှိသည့် ကျောင်းသားများကို သြစတြေးလျ ဒေါ်လာငွေ ၂၁ဝဝဝဝ ကျော် ဆုများ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment