Tuesday, May 12, 2015

"ရှာရှာဖွေဖွေ ဦးနှောက်ရဲ့ ထူးခြား ၁၂ ထွေ"


"ရှာရှာဖွေဖွေ ဦးနှောက်ရဲ့ ထူးခြား ၁၂ ထွေ"

၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့အခါ မယားပါဘူး။

၂။ ဦးနှောက်က အိပ်မက် မက်တဲ့အချိန်မှာ နိုးနေတဲ့အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမိုလုပ်ဆောင် ရပါတယ်။

၃။ တစ်ရက်ကို ပျှမ်းမျှခြင်းအားဖြင့် အတွေးပေါင်း ၇၀၀၀၀ လောက် တွေးလေ့ရှိပါတယ်။

၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။

၅။ သင့်ဦးနှောက်ကို အပြည့်အ၀ အသုံးချနေရပြီး ၁၀ ရာခိုင်နှုန်းကို မသုံးဘဲ ထားတယ်ဆိုတဲ့အယူက မမှန်ပါဘူးတဲ့။

၆။ ဦးနှောက်က pain receptors မပါဝင်တာကြောင့် နာကျင်မှုကို မခံစားနိုင်ပါဘူး။ ခေါင်းကိုက်တာဟာ နာဗ်ကြောတွေနဲ့ ခေါင်းထဲက ကြွက်သားတွေက ခံစား သိနိုင်တာပါ။

၇။ stress ဖိအားတွေက ဦးနှောက်ရဲ့ ဆဲလ်တွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲပစ်နိုင်ပါတယ်။

၈။ တေးဂီတက ဦးနှောက်ကို ပိုပြီး စည်းစနစ်ကျကျဖြစ်အောင် ကူညီပေးပါတယ်။

၉။ ဦးနှောက်က amygdala က တခြားသူတွေရဲ့ မျက်နှာက ခံစားချက် အပြောင်းအလဲကို ဖတ်တဲ့နေရာမှာ ကူညီပေးပါတယ်။

၁၀။ ဦးနှောက်က သူ့ရဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်နိုင်ဖို့ သွေး၂၀ ရာခိုင်နှုန်းနဲ့ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။

၁၁။ သင်ချစ်တတ်တယ်ဆိုတာ ဦးနှောက်ထဲက chemical တစ်မျိုး ဖြစ်တဲ့ "Oxytocin" ကြောင့်ပါ။

၁၂။ ဦးနှောက်ရဲ့ သွေးကြောလေးတွေကို ဆက်ကြည့်လိုက်မယ်ဆိုရင် မိုင်တစ်သိန်းလောက် ရှိပါတယ်။

Credit- Original Writer

No comments:

Post a Comment