Wednesday, May 13, 2015

"အားအင်ပြည့်ဝ အဆီကျစေမယ့် စက္ကန့် ၉၀ ရေချိုးနည်း လျို့ဝှက်ချက်"



"အားအင်ပြည့်ဝ အဆီကျစေမယ့် စက္ကန့် ၉၀ ရေချိုးနည်း လျို့ဝှက်ချက်"

မနက် အိပ်ယာထချိန် စက္ကန့် ၉၀ ကြာ ရေမိုးချိုးနည်း လျို့ဝှက်ချက်လေး လုပ်ကြည့်ပါ။ ဒါ သင့်နေ့စဉ် ဘဝနေထိုင်မှု အစိတ်အပိုင်း တစ်ခုဖြစ်လာမှာ သေချာတယ်။

မနက်ရေချိုးနေချိန် ဒီအကျိုးပြုတဲ့ ရေကုထုံးလျို့ဝှက်ချက်လေး ဆောင်ရွက်ပါ။

၁။ ရေကို မိမိခံနိုင်တဲ့ အတိုင်းအတာထိ အေးနိုင်သလောက် အေးအောင် ချိန်ပြီး အဲဒီရေနဲ့ စက္ကန့် ၃၀ ကြာချိုးပါ။ ရေအေးနဲ့ စထိတဲ့အချိန် မသက်မသာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခဏလေးနဲ့ အသားကျသွားပါလိမ့်မယ်။

၂။ နောက်ပြီး ရေကို မိမိခံနိုင်တဲ့ အတိုင်းအတာထိ ပူနိုင်သလောက် ပူအောင်ချိန်ထားပြီး အဲဒီရေနဲ့ စက္ကန့် ၃၀ ထပ်ချိုးပေးပါ။ ရေနွေးက သွေးကြောတွေ ကျယ်စေပြီး ခန္ဓာကိုယ်အတွင်း သွေးလည်မှု ကောင်းအောင် လှုံ့ဆော်ပေးပါတယ်။

၃။ နောက်ဆုံး ရေအေးပြန်ချိန်ထားပြီး စက္ကန့် ၃၀ ထပ်ချိုးပါ။ လုံးဝလန်းဆန်းစေရုံမက စိတ်ဖိစီးမှု လျော့နည်းစေပြီး ခုခံအားတိုးမြင့်စေကာ အဆီကျစေပြီး တက်ကြွလန်းဆန်းစေမှာ ဖြစ်ပါတယ်။

Ref:naturalhealthcareforyou

ပေါ်ထွန်း

No comments:

Post a Comment