Wednesday, May 13, 2015
အတင်းပြောခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေနိုင်"
"အတင်းပြောခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေနိုင်"
လျှို့ဝှက်ချက် တစ်ခုကို ထိန်းထားရခြင်းသည် စိတ်ကိုလည်း ပင်ပန်းစေသလို၊ ခန္ဓာကိုယ်ကိုလည်း ဒဏ်ဖြစ်စေကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။
စိတ်ထဲမှာ လျှို့ဝှက်ချက် တစ်ရပ် သယ်ထားရခြင်းသည် ၀န်ထုပ်ကြီး ထမ်းထားသည့်နီးပါး ခန္ဓာကိုယ် စွမ်းအင်ကိုပါ ကျဆင်း ပင်ပန်းစေကြောင်း ကိုလမ်ဘီယာ စီးပွားရေး ကျောင်းက လုပ်ထားသည့် စစ်တမ်းက ထောက်ပြလိုက်သည်။
လျှို့ဝှက်ချက် မပေါက်ကြားအောင် ထိန်းထားရလေ စိတ်သည် ထိုအကြောင်း ပိုတွေးဖြစ်လေဖြစ်ကာ လူအား၊ စိတ်အား၊ ဖန်တီးနိုင်အား အားလုံးသည် ထိုကိစ္စမှာချည်း ပြုံနေကာ အခြားနေရာများတွင် လူသည် စွမ်းဆောင်ရည် ကျဆင်းသွားတော့သည်။
““အလုပ်ထဲမှာ လျှို့ဝှက်ချက် တစ်ခုခု ရင်ထဲထည့်ထားပြီး လုပ်နေရတဲ့လူဟာ လုပ်ငန်း စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာ ကျဆင်းပါတယ်”” ဟု စစ်တမ်း အဖွဲ့တွင် ပါဝင်သော လက်ထောက်ပါမောက္ခ မိုက်ကယ် ဆလက်ပင်းက ပြောသည်။
လူတစ်စုဖြင့် လက်တွေ့ စမ်းသပ်သည်။ လျှို့ဝှက်ချက် တစ်ခုခု ရင်ထဲမှာ မျိုသိပ်ထားရသည်ဟု ဆိုသူများကို တစ်စု၊ ရင်ထဲမှာ ရှင်းသည်ဟု ဆိုသူများကို တစ်စု ခွဲလိုက်သည်။ ထိုနှစ်စုကို တောင် တစ်တောင်၏ မတ်စောက်မှုအား မှန်းခိုင်းသည်။ ထိုအခါ ရင်ထဲမှာ လျှို့ဝှက်ချက်တွေ မျိုသိပ်ထားရသူများသည် တောင်ကို ပိုမတ်စောက်သည်ဟု မြင်တတ်ကြကြောင်း တွေ့ရသည်။
““၀န်ထုပ်ကြီး ထမ်းပြီး လမ်းလျှောက်ရတဲ့ လူဟာ တောင်မြင့်မြင့်ကို တက်ရတော့မယ် ဆိုရင် တောင်ကို ပိုမတ်စောက်တယ်လို့ မြင်တတ်ကြတယ်။ အခုလည်း အဲဒီလိုပဲ။ စိတ်ထဲမှာ ၀န်ထုပ် ပိနေသူတွေဟာ တောင်ကို ပိုမတ်စောက်တယ်လို့ မြင်လာကြတယ်”” ဟု လက်ထောက် ပါမောက္ခ ဆလက်ပင်းက ပြောသည်။
ရင်ထဲက ၀န်ထုပ်ကို ရှင်းထုတ်ဖို့ အကောင်းဆုံးနည်းကား ယုံကြည်ရသူ တစ်ယောက်ယောက်ထံ ရင်ဖွင့်ခြင်း ဖြစ်သည်။ အတင်းပြောသည်ဟု ဆိုချင်လည်း ဆိုနိုင်၏။ ယနေ့လို အင်တာနက် ခေတ်စားနေချိန်မှာ မည်သူမျှ မသိအောင် ရင်ဖွင့်နိုင်သော ၀န်ဆောင်မှုများလည်း ထွန်းကားနေရာ ထိုနေရာမျိုးမှာလည်း ရင်ဖွင့်နိုင်၏။
ကျွမ်းကျင် စိတ်ကု ဆရာဝန်များထံ သွားပြီးလည်း ရင်ဖွင့်နိုင်၏။ ရင်ဖွင့်ပြီးသည်နှင့် စိတ်ဝန်ထုပ် ရှင်းသွားပြီး လူသည် တောင်ကုန်း သိပ်မမတ်စောက်ပါဟု မြင်လာလိမ့်မည်။
Source: Daily Mail
http://www.messengernewsjournal.com/
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment