" အကျင့်ပါနေပြီ "
မန်းလေးမြို့၏တစ်နေရာတွင် ယာဉ်ထိန်းရဲ မောင်မောင် တာဝန်ကျသည်။ မိုးက တစ်ဖွဲဖွဲ ရွာနေသဖြင့် ယာဉ်မောင်းများ အရှိန်လျှော့ပြီး ဂရုတစိုက်မောင်းကြသည်။ မည်သူမှ လမ်းစည်းကမ်းကို မဖောက်ကြပေ။ ညနေသာစောင်းလာသည် နေ့တွက် လုံးဝ မကိုက်သဖြင့် မောင်မောင် အကြီးအကျယ် စိတ်တိုနေသည်။ ဒီကြားထဲ မိုးတွေကရွှဲနေသေးသည်။
တာဝန်ပြီး၍ အိမ်ကိုပြန်လာသည်။ ဒေါသဖြစ်နေတာက မပြေသေး..။ မိန်းမကို ရန်လုပ်ဖို့ကြံသည်။ ဘယ်လိုမှ အကြောင်းရှာမရချေ။
ညစာကို အဆင်သင့်ခူးခပ်ထားသည်။ ပြီးတော့ ခံတွင်းတွေ့အောင်ဆိုပြီး ယောင်္ကျားအတွက် ရမ်တစ်ခွက် အဆင်သင့်ထည့်ပေးထားသည်။
သားကို အပြစ်ရှာဖို့ ဆုံးဖြတ်လိုက်သည်။
"မောင်ပီတီ...မင်းရဲ့လေ့ကျင့်ခန်းစာအုပ် ယူလာခဲ့စမ်း"
တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့မှာမှ ချာတိတ်က ဂရိတ် တူး ပဲ ရသည်။ အမေ့ဆီပြေးကာ အကူအညီ တောင်းသည်။
"အမေ..ကျနော် ဘာလုပ်ရမလဲ..ဒီနေ့  ကျနော် ဂရိတ်တူးပဲ ရတယ်..အဖေသတ်တော့မှာပဲ"
အမေဖြစ်သူက လေ့ကျင့်ခန်းစာအုပ်ထဲသို့ ငါးထောင်တန်တစ်ရွက် ညှပ်ပြီး သားကို အဖေ့ဆီ လွှတ်လိုက်သည်။ မောင်မောင်
လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်သည်။ တဖြည်းဖြည်း ၄င်း၏ မျက်နှာ ၀င်းလက်လာသည်။ ထို့နောက် မိမိဟာ မိမိ ကျေနပ်သံဖြင့် ပြောသည်။
" အင်း......အိမ်မှာ အဆင်ပြေလို့ တော်ပါသေးရဲ့"
Credit- No name

No comments:
Post a Comment