Tuesday, May 12, 2015
"ကြက်ဥထဲက နောက်ထပ် ကြက်ဥတစ်လုံး ထူးဆန်းစွာ တွေ့ရှိ"
"ကြက်ဥထဲက နောက်ထပ် ကြက်ဥတစ်လုံး ထူးဆန်းစွာ တွေ့ရှိ"
တရုတ်ပြည်အရှေ့ပိုင်း Jiangsu ပြည်၊ Yaxi မြို့က Gaolan ကျေးရွာ ကြက်ဘဲမွေးမြူရေး ခြံလေးတစ်ခုမှာ သာမန်အရွယ်အစားထက် သုံးဆကြီးပြီး အလေးချိန် ၂၀၀ ဂရမ်ရှိ ကြီးမားတဲ့ ကြက်ဥတစ်လုံးထဲ နောက်ထပ်ကြက်ဥ တစ်လုံး ထူးဆန်းစွာ တွေ့ရှိခဲ့ပါတယ်။
မွေးမြူရေးခြံပိုင်ရှင် Wang Xiaobin က ကြက်မအကောင်ရေ ၂၀၀ မကတဲ့ ကြက်မတွေ အနက် တစ်ကောင်ကနေ ခုလို ဥထားတဲ့ တမူထူးခြားတဲ့ ကြက်ဥဖြစ်တယ်လို့ ပြောပါတယ်။ ဒီကြက်တွေကို ၆၆ ဒသမ ၆၆၇ စတုရန်းမီတာရှိတဲ့ တောင်တစ်ခုပေါ် မွေးမြူထားပြီး ဟင်းသီးဟင်းရွက်၊ ဆန်နဲ့ အင်းဆက်ပိုးတွေစားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဒီလို ဥတစ်လုံး ဥခဲ့ပေမယ့် ဒီလိုမျိုး ကြက်ဥထဲက နောက်ထပ် ကြက်ဥတစ်လုံး တွေ့တာကတော့ ဒါပထမဆုံး အကြိမ်ဖြစ်တယ်လို့ Wang က ပြောဆိုခဲ့ပါတယ်။
ပေါ်ထွန်း
Credit: Trend Myanmar
Labels:
ထူးဆန်းဖွယ်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment