Tuesday, May 12, 2015
" အရမ်းလွမ်းတယ်......ချစ်သူ "
" အရမ်းလွမ်းတယ်......ချစ်သူ "
အရမ်းလွမ်းတယ်......ချစ်သူ
တစ်ခြားသူတွေအမြင်မှာ အရမ်းလွမ်းတယ်ဆိုတဲ့ စကားလုံးက ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ်...
ဒါပေမဲ့ ငါတို့ ရင်ထဲမှာတော့ … ခဏလေး ဝေးနေရတဲ့အချိန်မှာတောင် အရမ်းလွမ်းနေရလို့ပါ…
အရမ်းချစ်တယ်.........ချစ်သူ
တစ်ခြားသူတွေ အမြင်မှာတော့ ငါတို့ အချစ်တွေ ပိုတယ်လို့ ထင်ချင် ထင်ကြလိမ့်မယ်....
ဒါပေမဲ့ အနေဝေးနေရတဲ့ ငါတို့ ရင်ထဲမှာတော့… အချိန်တိုင်း စိုးရိမ်စိတ်တွေနဲ့ ထပ်တူ ဆုံရှုံးရမှာ ကြောက်နေမိလို့ပါ…
တစ်နေ့နေ့မှာ ဆုံတွေ့ခွင့်ဆိုတာကို မျှော်လင့်နေရတဲ့
ငါတို့ ချစ်သူနှစ်ယောက်အတွက်တော့… ကိုယ့်ချစ်သူဆီက အရမ်းလွမ်းတယ်… အရမ်းချစ်တယ်… ဆိုတဲ့ စကားလုံးလေးတွေက ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့ အရာလေးတွေမို့ပါ...
Credit: Lwan Lay
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment