"Air freshener နဲ့ အမွှေးတိုင်တွေက ကင်ဆာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ဖြစ်စေနိုင်"
အမွှေးတိုင်၊ အမွှေးဖယောင်းတိုင်၊ အမွှေးခဲဆီနဲ့ လေသန့်ဆေး Air freshener တို့ဟာ ကျွန်တော်တို့ အိမ်တွင်းလေထုကို သန့်ရှင်းမွှေးကြိုင်သွားအောင် မြန်ဆန်လွယ်ကူစွာ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေမှာ စက်ရုံထုတ် ဓာတုပစ္စည်းတွေပါဝင်ပြီး ကျွန်တော်တို့ရဲ့ DNA ဖွဲ့စည်းပုံကို ပြောင်းလဲစေကာ ကင်ဆာနဲ့ ပန်းနာရောဂါတို့ ရစေနိုင်ကြောင်း သိရှိရပါတယ်။
၁။ အမွှေးနံ့သာ မီးခိုးတွေဟာ သင့်ရဲ့မျက်လုံးထဲကို ၀င်နိုင်ရုံသာမက DNA အထိ ရောက်ရှိနိုင်တယ်
လူသားသန်းပေါင်းများစွာဟာ နေ့စဉ်နေ့တိုင်း ဘာသာရေးဓလေ့ ထုံးတမ်းတစ်ခုအနေနဲ့ အမွှေးတိုင်၊ အမွှေးဖယောင်းတိုင် စတာတွေကို အိမ်မှာ ထွန်းညှိ ပူဖော်ကြပါတယ်။ ဒီပစ္စည်းတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ (ဥပမာ- frankincense မြန်မာလို လော်ဗန်လို့ သိကြတဲ့ ဓာတုပစ္စည်း) ဟာ ဦးနှောက်တွင်းမှာ ဓာတုပြောင်းလဲမှုတွေ ဖြစ်စေပြီး စိတ်ကို တက်ကြွပြောင်းလဲစေပါတယ်။ ဒါပေမယ့် အဆိုပါ အခိုးအငွေ့ဟာ ဆေးလိပ်မီးခိုးထက်တောင် ပိုမို အန္တရာယ်ရှိပြီး ကင်ဆာဖြစ်နိုင်တဲ့ ကလာပ်စည်းပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ အမွှေးနံ့သာတိုင်တွေကို မီးရှို့ခြင်းက အလွန်သေးငယ်တဲ့ အမှုန့်လေးတွေကို ထွက်ရှိစေပြီး အဆိုပါအမှုန့်တွေဟာ အဆုတ်ထဲမှာ ပိတ်ဆို့ကာ အဆုတ်ယောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။
၂။ အိမ်တွင်းလေထုမွှေးအောင် လုပ်ခြင်းရဲ့ အန္တရာယ်
ဓာတုစပရေးတွေ၊ အမွှေးဆီခဲတွေနဲ့ လေသန့်စင် ဆေးတွေက အခုရေပန်းစားနေပေမယ့် ကျန်းမာရေးစစ်ဆေးသူတွေက အဆိုပါရနံ့ ပစ္စည်းတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေ ပါရှိပြီး အဆုတ်ပျက်စီးမှု၊ အကျိတ်ဖြစ်ပေါ်ခြင်းနဲ့ ဟော်မုန်းပျက်ယွင်းမှုတွေ ဖြစ်စေနိုင်ကာ ပန်းနာရင်ကြပ် ရောဂါလိုမျိုး သေရာပါရောဂါတွေ စွဲကပ်နိုင်ပါတယ်။ Air freshener တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကတင် အန္တရာယ်ဖြစ်စေတာ မဟုတ်ဘဲ တခြားအခြေခံ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ရေနံကထုတ်ယူထားတဲ့ ပစ္စည်းများ၊ p-dichlorobenzene ရေနံနဲ့ ကတ္တရာကရတဲ့ ဗင်ဇင်းဓာတ်တွေနဲ့ VOC ခေါ် အငွေ့ပြန်လွယ်တဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေကလည်း အဆုတ်ကို ထိခိုက်စေပါတယ်။ ဒီ့အပြင် naphthalene (နက်ဖ်တလင်း) အော်ဂဲနစ်ဒြပ်ပေါင်းက တစ်သျူးတွေကို ပျက်စီးစေပြီး ဓာတ်ခွဲခန်းအတွင်းက ကြွက်တွေမှာ အဆုတ်ကင်ဆာ ဖြစ်ပေါ်စေတာကို တွေ့ရှိခဲ့ရပါတယ်။
၃။ အမွှေးဖယောင်းတိုင်တွေကလည်း ရိုမန်တစ်မဆန်ပါ
ဒီဖယောင်းတိုင်တွေမှာလည်း VOC ဒြပ်ပေါင်းတွေ ပါ၀၀်ပြီး အရောင်မဲ့ ဖော်မယ်ဒီဟိုက် (formaldehyde) ဓာတ်ငွေ့ကလည်း ကြာရှည်ထိတွေ့ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ လေ့လာမှုတွေအရ ဒီဓာတုပစ္စည်းတွေဟာ ဖယောင်းတိုင်ကို ထိတွေ့မိရုံနဲ့တင် ခန္ဓာကိုယ်ထဲရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဖယောင်းတိုင်အများစုဟာ ရေနံဆီနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဖယောင်းတိုင် လောင်ကျွမ်းတဲ့အခါ ထွက်တဲ့ ကျပ်ခိုးအမှုန့်တွေက ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။
ye wint
Credit:Trend Myanmar
Tuesday, September 8, 2015
"Air freshener နဲ့ အမွှေးတိုင်တွေက ကင်ဆာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကို ဖြစ်စေနိုင်"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment