"မြာစွံလိုလျှင် များများပြုံးပါဟု အကြံပြု"
အမျိုးသမီးများနှင့် ရေရှည်တည်မြဲသော ဆက်ဆံရေး ရှိလိုသည့် အမျိုးသားများ ရုပ်တည်ကြီးနှင့် နေခြင်းကို စွန့်လွှတ်ပြီး များများပြုံးဖို့ ရယ်ဖို့လိုသည်ဟု ပညာရှင်များက အကြံပြုလိုက်ပြီ ဖြစ်သည်။
အမျိုးသားများနှင့် ရေရည်တည်မြဲသော ဆက်ဆံရေး ထားရှိလိုသည့် အမျိုးသမီးများသည် ပြုံးရယ်တတ်သည့် အမျိုးသားများအား ပိုမို ဆွဲဆောင်မှုရှိသည်ဟု ယူဆတတ်ကြောင်း သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။
သို့သော် အပျော်တွဲလိုသည့် အမျိုးသမီးများကမူ ပြုံးရယ်သည့် အမျိုးသားများထက် ရုပ်တည်သော အမျိုးသားများကိုသာ ပိုမိုနှစ်သက်တတ်ကြောင်း လေ့လာမှု ပြုလုပ်ခဲ့သည့် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ဆန်ရှုတက္ကသိုလ်တို့မှ စိတ်ပညာရှင်များက ပြောဆိုခဲ့သည်။
လေ့လာမှု ပထမပိုင်းအဖြစ် အမျိုးသမီး (၂၁၈) ဦး တို့အား ပြုံးနေသည့် အမျိုးသားများနှင့် ရုပ်တည်သော အမျိုးသားများ၏ ပုံများကို ပြသပြီး ရေရှည်တွဲရန်နှင့် ခဏတာ အပျော်တွဲရန် ဆွဲဆောင်မှုရှိသည့် အမျိုးသားများကို ရွေးချယ်စေခဲ့သည်။
လေ့လာမှု ဒုတိယပိုင်းအဖြစ် အခြားအဖွဲ့မှ အမျိုးသမီး (၇၁) ဦး တို့အား ပြုံးနေသည့် အမျိုးသားများနှင့် ရုပ်တည်သော အမျိုးသားများ၏ ပုံများကိုပြသပြီး ယုံကြည်စရာကောင်းသူနှင့် ယောက်ျားပီသသူများကို ရွေးချယ်ရန် ညွှန်ကြားခဲ့သည်။
လေ့လာမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးများက ရုပ်တည်သော အမျိုးသားများအား ယောက်ျားပီသသည်ဟု ပြောဆိုခဲ့သော်လည်း ပြုံးနေသော အမျိုးသားများကိုမူ ယုံကြည်စရာ ကောင်းသည်ဟု ပြောဆိုခဲ့သည်။
ပြုံးရယ်နေသော အမျိုးသားများအား ယုံကြည်စရာ ကောင်းသူများအဖြစ် အမျိုးသားများနှင့် ရေရှည် ဆက်ဆံရေး လိုလားသော အမျိုးသမီးများက မှတ်ယူရာတွင် ရေရှည်ဆက်ဆံရေးတွင် လက်ထပ်ထိမ်းမြားမှု၊ မိဘဘ၀သို့ ရောက်ရှိမှုများကိုပါ ထည့်သွင်း တွက်ချက်လေ့ရှိသောကြောင့် ပညာရှင်များက ပြောသည်။
ရည်မွန်အောင်
Credit: messenger
Thursday, September 24, 2015
"မြာစွံလိုလျှင် များများပြုံးပါဟု အကြံပြု"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment