Wednesday, September 16, 2015

"ကြားဖူးနားဝ အချစ်အကြောင်း"


"ကြားဖူးနားဝ အချစ်အကြောင်း"

ယောက်ျားလေးတွေရဲ့အချစ်က အချိန်နဲ့အမျှ လျော့လာတယ်တဲ့။ (soaring phamton ပြောတဲ့ Boys' side ဆိုတဲ့ ပို့စ်ထဲကလိုပေါ့)
မိန်းကလေးတွေရဲ့အချစ်ကတော့ အချိန်နဲ့အမျှ တိုးလာသတဲ့။

အရမ်းချစ်ပြတတ်တဲ့ ယောက်ျားတွေက ပိုပြီးကြောက်ဖို့ကောင်းသတဲ့။
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်.. သူ့ကောင်လေးက "မင်းမရှိရင် ကိုယ်တကယ် မနေနိုင်ဘူးကွာ" လို့ မကြာခဏ ပြောပါသတဲ့။ သူမကလဲ ကျေနပ်မိပါသတဲ့။ တကယ်တမ်း
သူတို့နှစ်ယောက် လမ်းခွဲတော့ တစ်ပတ်မပြည့်ဘူး။ ကောင်လေးက နောက်တစ်ယောက် ရသွားပါရောတဲ့.. သူ့စကားနဲ့သူတော့ ဟုတ်သား.. မင်းမရှိရင် မနေတတ်ဘူးဆိုတော့ မင်းမရှိတာနဲ့ မနေတတ်လို့ အသစ်တစ်ယောက် မြန်မြန်ရှာတာထင်ပါရဲ့ နော်.. :D

သိပ်ချစ်တတ်တဲ့သူနဲ့ သိပ်ချစ်ပြတတ်တဲ့သူက မတူပါဘူး။ ချစ်တတ်တဲ့သူက သူချစ်တာကို တစ်ဖက်လူမသိအောင် သိုသိုသိပ်သိပ်လေး ချစ်ချင်ချစ်မယ်.. ဒါမှမဟုတ် သူ့အချစ်ကို ဖော်ထုတ်ပြချင်လဲပြမယ်။ သေချာတာကတော့ ဟန်ဆောင်ခြင်း ကင်းတယ်။ ချစ်ပြတတ်တဲ့သူကတော့ ဘေးလူတွေရှေ့ရောက်ရင် လူတိုင်းအားကျလောက်အောင် ဂရုစိုက်ပြမယ်။ သည်းပြမယ်။ အလိုလိုက်ပြမယ်။ ဒါပေမဲ့ ဟန်ဆောင်မှုတွေနဲ့။ ကြာကြာမခံပါဘူး။ သူလိုချင်တာတွေ ရတဲ့ထိပါပဲ။

Forever Love ဆိုတဲ့အရာက လောကကြီးမှာ တကယ်ရှိတဲ့အရာလား။ ပုံပြင်တွေ ရုပ်ရှင်တွေထဲမှာပဲ ရှိတဲ့အရာများလား။
အချစ်စိတ်တွေ ဖုံးလွှမ်းနေတဲ့ အချိန်မှာ ကိုယ့်ချစ်သူဟာ အမြဲတမ်း perfect ပဲတဲ့။ ချစ်သူက သင့်ကို ဘာလုပ်လုပ် အပြစ်တွေ မြင်လာပြီဆိုရင်တော့ အချစ်စိတ်တွေ ကုန်ခန်းစ ပြုနေပြီပေါ့။ (p.s တစ်ခါတစ်လေ အမှားကို အမှန်ပြင်ပေးတာတွေကိုတော့ အပြစ်မြင်တယ်လို့ မထင်နဲ့ပေါ့ =D)

မိန်းကလေးအများစုမှာ ကိုယ့်ချစ်သူရဲ့ အချိန်တွေ အားလုံးကို သူမတစ်ယောက်တည်း ပိုင်ဆိုင်လိုတဲ့ လောဘရှိကြတယ်။ သူမကိုယ်တိုင်လည်း သူမရဲ့ အချိန်တွေကို ချစ်သူနဲ့ပဲ ကုန်လွန်ချင်ကြတယ်။ ယောက်ျားလေးများဟာလည်း စစချင်းမှာတော့ သူရဲ့အချိန်တိုင်းကို ချစ်သူအတွက်ပဲ ပေးကြတယ်.. ဒါပေမဲ့ အချိန်ကြာလာတော့ သူ့ကိုယ်ပိုင်အချိန်တွေကို ပြန်တောင့်တလာတယ်.. ကောင်မလေးနဲ့ တွေ့ရဖို့ အရင်ကလောက် စိတ်မထက်သန်ကြတော့ဘူးတဲ့။

ချစ်သူနှစ်ဦးဟာ အနေနီးလွန်းလျှင်မကောင်းသလို အနေဝေးလွန်းလည်း မကောင်းပါဘူး။ အနေနီးလွန်းရင် ပြဿနာလည်းပိုများတတ်ပါတယ်။ အနေဝေးလွန်းရင်တော့ မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။
မိန်းကလေးတွေဟာ သူ့ချစ်သူရဲ့ ဂရုစိုက်မှုကို အရင်ကလောက် မခံရတော့ရင် သူတို့ကို
မချစ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။

ဖတ်ဖူးသမျှ၊ ကြားဖူးသမျှ၊ သူငယ်ချင်းတွေဆီက သိရသမျှလေးတွေ ချရေးထားတာပါ။

Credit: ဘာတွေတုန်း

No comments:

Post a Comment