"ခန္ဓာကိုယ် ရေဓာတ်ဖြည့်တင်းဖို့ စားသုံးပေးသင့်တဲ့ အသီး (၅) မျိုး"
ရေကို တစ်နေ့ (၈) ခွက် သောက်ရမယ် ဆိုထားပေမယ့် ဘယ်နှစ်ယောက်က တကယ်သောက်ကြပါသလဲ။ ရေပမာဏ ဖြည့်တင်းဖို့ စားသုံးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ယင်းအစားအစာတွေ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ရေဓာတ်ကို အရသာပြည့်စုံစွာ ဖြည့်တင်းနိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးမှတဆင့် ရေဓာတ်များစွာ ဆုံးရှုံးလေ့ရှိကာ အီလက်ထရောလိုက် ပမာဏကို ပုံမှန်ထက် လျော့နည်းစေပါတယ်။ ရေဓာတ်ဖြည့်ဖို့ ကောင်းတဲ့ နည်းလမ်းက အီလက်ထရိုလိုက်ကြွယ်ဝတဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ အသီးများနဲ့ ဟင်းသီးဟင်းရွက် စတာတွေ ဖြစ်ပါတယ်။ နောက်ပြီး ရေကို အလွန်အကျွံသောက်သုံးတာ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ ဆုံးရှုံးသွားစေနိုင်တယ်။ ရေတစ်ခွက်အစား သစ်သီး သို့မဟုတ် အသီးအရွက် တစ်ပွဲနဲ့ အစားထိုးနိုင်ပါတယ်။ ရေဓာတ်လည်း ကြာရှည် ပိုခံစေပါလိမ့်မယ်။ အဲဒီအပြင် အမျှင်ဓာတ်၊ အင်တီအောက်ဆီဒင်းနဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်စေတဲ့ phytonutrient ဓာတ်တွေ ဖြည့်ပေးသွားမှာဖြစ်ပါတယ်။
နေစဉ် စားသုံးပေးသင့်တဲ့ ရေဓာတ်ဖြည့် အသီးအရွက်တွေမှာတော့...
·သရက်သီး
·သလဲသီး (တလည်းသီး)
·ထောပတ်သီး
·သခွားသီး
·ပန်းဂေါ်ဖီစိမ်း စတဲ့အသီးတွေဖြစ်ပါတယ်။
Ref: TOI
Credit: Trend Myanmar
Wednesday, September 16, 2015
"ခန္ဓာကိုယ် ရေဓာတ်ဖြည့်တင်းဖို့ စားသုံးပေးသင့်တဲ့ အသီး (၅) မျိုး"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment