"ပြုတ်ပြီးသားကြက်ဥကို သာမန်သဘာဝကြက်ဥ ပြန်ဖြစ်အောင် လုပ်နိုင်တဲ့အတွက် သြဇီသိပ္ပံပညာရှင်တစ်ဦး နိုဘယ်ဆုရ"
ဆွီဒင်နိုဘယ်ဆုကို တုပသရော်ထားတဲ့ Ig Noble Prize ဆုကို သြစတြေးလျသိပ္ပံပညာရှင်တစ်ဦးက ပြုတ်ပြီးသားကြက်ဥကို သာမန်ကြက်ဥပြန်ဖြစ်အောင် လုပ်နည်း ရှာတွေ့ခဲ့မှုကြောင့် ရရှိသွားခဲ့ပါတယ်။
တောင်သြစတြေးလျပြည်နယ် မြို့တော် Adelaide ၊ Flinders တက္ကသိုလ်က ဓာတုဗေဒပါမောက္ခတစ်ဦး ဖြစ်သူ Colin Raston ဟာ ပရိုတိန်းဓာတ်တွေကို ပြန်ဖြေထုတ်နိုင်မယ့် စက်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ကြက်ဥတစ်လုံးကို ပြုတ်တဲ့အခါ၊ ဥအဖြူသားထဲမှာရှိတဲ့ ပရိုတင်း အသားဓာတ်တွေဟာ ပြိုကွဲသွားပြီး နောက်တစ်ဖန် ကျစ်လျစ်၊သိပ်သည်းရှုပ်ထွေးတဲ့ ပရိုတင်း ဖွဲ့စည်းပုံမျိုးနဲ့ ပြန်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကြက်ဥအပြင်အသား အဖြူကို ရော်ဘာလိုမျိုး မြင်တွေ့ ကိုင်တွယ်လို့ရတာ ဖြစ်ပါတယ်။
ပရော်ဖက်ဆာရဲ့ စက်ဟာ ပြုတ်ပြီးသားကြက်ဥ အဖြူသားထဲက ပရိုတိန်းတွေကို အရည်ဝဲကတော့ပုံစံ လည်ပတ်နည်းနဲ့ ပရိုတိန်းဖွဲ့စည်းမှုကို ပြန်လည်ပြိုကွဲပြီး မူလအခြေအနေရောက်အောင် ပြန်လုပ်ပေးတာ ဖြစ်ပါတယ်။“ပြုတ်ပြီးသားကြက်ဥကို သာမန် ကြက်ဥပြန်ဖြစ်အောင် လုပ်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်ထားထားတာ မဟုတ်ပါဘူး။ ဒါဟာ သိပ္ပံပညာရပ်ရဲ့ အရေးပါအရာရောက်ပုံကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်နဲ့ သိပ္ပံရဲ့ ပါဝင်ပတ်သက်မှုတွေကို လူတွေ သိနားလည်အောင် ရှင်းပြတာ ဖြစ်ပါတယ်”
အခုလို ပရိုတင်းဓာတ်ကိုအသုံးချနည်းကို ရှာဖွေတွေ့ရှိခဲ့မှုဟာ ပရိုတင်းကို အဓိကအားထား ထုတ်လုပ်နေတဲ့ ဆေးဝါးဈေးကွက်မှာ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်စေမှာဖြစ်ပြီး သူ့ရဲ့ စက်ကို ဈေးသတ်မှတ်ဖို့တောင် ခက်ခဲမှာဖြစ်တယ်လို့ ပရော်ဖက်ဆာ Raston က ပြောကြားခဲ့ပါတယ်။
ပရော်ဖက်ဆာဟာ ဟားဗတ်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ တကယ့်နိုဘယ်ဆုရ ပညာရှင်တွေက ရွေးချယ်ပေးအပ်တဲ့ Ig နိုဘယ်ဆုကို ပရိတ်သတ်ပေါင်း ၁၁၀၀ ရှေ့မှောက်မှာ လက်ခံရယူခဲ့ပါတယ်။Ig နိုဘယ်ဆုဟာ ရယ်စရာသိပ္ပံ အောင်မြင်မှုတွေ ဆိုပေမယ့် ဒီရယ်စရာ အောင်မြင်မှုတွေရဲ့ နောက်မှာ တွေးစရာတွေ အများကြီး ပါလာလေ့ရှိပါတယ်။
ye wint
Credit: Trend Myanmar
Monday, September 21, 2015
"ပြုတ်ပြီးသားကြက်ဥကို သာမန်သဘာဝကြက်ဥ ပြန်ဖြစ်အောင် လုပ်နိုင်တဲ့အတွက် သြဇီသိပ္ပံပညာရှင်တစ်ဦး နိုဘယ်ဆုရ"
Labels:
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment