Tuesday, September 8, 2015

"သင့်ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ်တွေကို ဖယ်ရှားပေးနိုင်မယ့် အသီးအရွက် (၅) မျိုး"


"သင့်ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ်တွေကို ဖယ်ရှားပေးနိုင်မယ့် အသီးအရွက် (၅) မျိုး"

နီကိုတင်းဓာတ်ဆိုတာ ဆေးလိပ်ထဲမှာ ပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး လူကို စွဲစေတာကြောင့် ဆေးလိပ်ဖြတ်ဖို့ ခဲယဉ်းစေပါတယ်။ နီကိုတင်းဓာတ်ဟာ စိတ်ကို နိုးကြွစေတဲ့ ဓာတ်ပစ္စည်းတစ်ခုဖြစ်ပြီး အာရုံကြောတွေကို ပိတ်ဆို့စေကာ ကြွက်သားဆဲလ်တွေရဲ့ အလုပ်တာဝန်ကို ပျက်ယွင်းစေနိုင်ပါတယ်။ ဆေးရွက်ကြီးကရတဲ့ နီကိုတင်းဟာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး လေသင်တုန်းဖြတ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ သင်ဟာ ဆေးလိပ်သောက်သူ တစ်ဦးဆိုရင်၊ သင့်ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ်တွေကို ဒီ အသီးအရွက်တွေကို စားသုံးပေးခြင်းဖြင့် နီကိုတင်းဓာတ် စွဲကျန်မနေဘဲ မြန်မြန်ထွက်သွားစေနိုင်ပါတယ်။

၁။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် B5၊ C ၊ B ဗီတာမင်ဓာတ်တွေ အများအပြားပါဝင်ပြီး ပန်းဂေါ်ဖီစိမ်းစားခြင်းက ဗီတာမင် C ဓာတ်ကို ခန္ဓာကိုယ်ထဲ ဖြည့်ဆည်းပေးကာ metabolism လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေကာ NRF2 လို့ခေါ်တဲ့ ဗီဇမျိုးစေ့ ပါဝင်တာကြောင့် အဆုတ်ထဲကို အဆိပ်တွေ မ၀င်ရောက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ပါဝင်တဲ့ အသီးအရွက်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ခန္ဓာကိုယ်ထဲမှာ နီကိုတင်းဓာတ် စွဲကျန်မနေဘဲ မြန်မြန် ထွက်သွားစေပါတယ်။

၂။ လိမ္မော်သီး

နီကိုတင်းဓာတ်က ခန္ဓာကိုယ်ထဲက ဗီတာမင် C ဓာတ်ကို လျော့ကျစေပြီး ရှောက်မျိုးနွယ်ဝင်ဖြစ်တဲ့ လိမ္မော်သီးကို စားပေးခြင်းက ဗီတာမင် C ကို ပြန်လည် တိုးပွားစေကာ နီကိုတင်းပြတ်လပ် ငတ်မွတ်မှုကြောင့် ဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်သောကများခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။

၃။ ဂျင်းတက်

ဂျင်းက ဆေးလိပ်သောက်သုံးခြင်းနဲ့ နီကိုတင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာ အများအပြားကို ဖယ်ရှား ပေးနိုင်ပါတယ်။ နီကိုတင်းပြတ်လပ်မှု၊ သွေးလမ်းကြောင်းထဲ အဆိပ်ဓာတ်တွေ ၀င်ရောက်မှုကို ဂျင်းအစိမ်းကို စားပေးခြင်းနဲ့ တားဆီးနိုင်ပါတယ်။

၎။ မုန်လာဥနီ

နေ့စဉ် ပုံမှန်ဆေးလိပ်သောက်သူ တစ်ယောက်ဟာ ဗီတာမင် A နဲ့ C ဓာတ်တွေ နည်းပါးပြီး အာရုံကြောဆဲလ်၊ သွေးလည်ပတ်မှုနဲ့ ဦးနှောက်အလုပ်လုပ်မှုတို့ကို ထိခိုက် ပျက်စီးစေပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ သဘာဝကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် A၊ C နဲ့ K ဓာတ်တွေ ရရှိဖို့ နေ့တိုင်း မုန်လာဥနီကို စားသုံးပေးပါ။

၅။ ကိုက်လန်

ကိုက်လန်ဟာ ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အရွက်တစ်မျိုးအဖြစ်လည်း နာမည်ကျော်ပြီး များများစားပေးလေ ကင်ဆာဖြစ်နိုင်ခြေ နည်းလေးပါပဲ။ ကိုက်လန်မှာ isothiocyanates နဲ့ တခြား antioxidants တွေ ပါဝင်ပြီး အဆိုပါဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ နီကိုတင်းဓာတ် စွဲကျန်နေမှုကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒီအသီးအရွက်တွေကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက နီကိုတင်း ဓာတ်တွေကို ဖယ်ရှားပေးနိုင်သလို နီကိုတင်းပြတ်မှုကြောင့် ဖြစ်ပေါ်တဲ့ စိတ်ကျမှု၊ စိတ်ရှုပ်ထွေးမှု စတာတွေကို သက်သာစေပါလိမ့်မယ်။ 

ye wint

Credit: Trend Myanmar

No comments:

Post a Comment