Thursday, September 17, 2015

"လမ်းအဆုံး"


"လမ်းအဆုံး"

ဆူးတွေပြည့်နေတဲ့ လမ်းတစ်ခုကို
အမှောင်ထုထဲမှာ ငါ့အမြင်တွေေ၀၀ါးပြီး
ဖယောင်းခင်းထားတဲ့လမ်းလို့ ထင်ခဲ့မိတယ်..

ခြေနှစ်လှမ်း လှမ်းပြီးတဲ့နောက်မှာတော့
ငါ့ခြေဖ၀ါးတွေထဲ ဆူးတွေ နစ်ဝင်နေခဲ့ပြီ..

ဆက်သွားရင် ပိုပြီးနာကျင်ခံစားရမယ်ဆိုတာသိပေမဲ့
လမ်းအဆုံးမှာရှိတဲ့ မှိန်ပျပျမီးလေးတစ်ပွင့်ဆီ
ရောက်အောင်သွားချင်တဲ့ စိတ်နဲ့ 
မှောင်မိုက်နေတဲ့လမ်းကို နောက်ပြန်လှည့်ဖို့ 
ငါလုံးဝမစွမ်းနိုင်ခဲ့ဘူး...

မတတ်နိုင်ဘူးလေ
ဆက်ပြီး နာကျင်ရမယ်ဆိုလဲ နာကျင်ပါစေတော့
ငါ့စိတ်ကို ဒီတစ်ခါလောက်တော့ အလိုလိုက်ပါရစေ..

ဒါပေမဲ့
လမ်းအဆုံးက မှိန်ပျပျမီးပွင့်လေးရေ
မင်းက ငါရောက်တဲ့ အချိန်ထိ
ထွန်းလင်းပေးနေအုံးမှာလားကွာ...

Credit: ဘာတွေတုန်း

No comments:

Post a Comment