Wednesday, September 16, 2015

"သင့်အတွက် မေးခွန်းများ"


"သင့်အတွက် မေးခွန်းများ"

ယခုအချိန်ကနေစပြီး သင့်ရှေ့မှာရှိတဲ့ မေးခွန်းတွေကို ဖြေကြည့်လိုက်ပါ။ ဒီမေးခွန်းအတွက် အဖြေများကတော့ သင့်ကိုယ်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းရင်းတွေ ဖြစ်မှာပါ။

၁။တနင်္ဂနွေနေ့ ညနေရောက်ပြီဆိုရင် နောက်နေ့အတွက် အလုပ်အကြောင်းတွေးပြီး ပူနေမိတယ်။
၂။ဘာမှမဟုတ်တဲ့ ကိစ္စလေးတစ်ခုအတွက် ဒေါသထွက်နေတတ်တယ်။
၃။ကိုယ်မှလွဲပြီး အခြားသူတွေရဲ့ ထင်မြင်ချက်တွေက မှားနေတယ်လို့ ထင်တယ်။
၎။ရုံးပိတ်ရက်မှာ သူငယ်ချင်းတွေ ပျော်ပါးနေတာကို Facebook မှာတွေ့ပြီး မနာလိုဖြစ်နေတတ်တယ်။
၅။သူတပါးက အကြံပေးတာကို လက်မခံနိုင်ပါ။
၆။ကိုယ့်အမှား ဝန်မခံပဲ၊ သူများကို လွဲချတာကို ခဏခဏလုပ်နေတယ်။
၇။အတိတ်ကအကြောင်းတွေကိုပဲ ထပ်ခါတလဲလဲ ပြန်စဉ်းစားနေတတ်တယ်။
၈။အရင်တုန်းက ချစ်သူဟောင်းအကြောင်းကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။
၉။စိတ်ဖြေဖို့ရန် အရက်သာလျှင် အကောင်းဆုံးလို့ ထင်တယ်။
၁၀။ရုံးပိတ်ရက်လေးကိုပဲ တွေးပြီး တမ်းတနေမိပြီး အလုပ်မှာလည်း အားမစိုက်နိုင်ပါ။
၁၁။ဖင်ငြိမ်အောင် ထိုင်မနေနိုင်ပါ။
၁၂။လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကို လမ်းမှားရောက်အောင် ပို့နေတယ်လို့ထင်နေတယ်။
၁၃။တွေ့တောင်မတွေ့ရသေးတဲ့သူကို တွေးပြီး အထင်ကြီး အားကိုးနေတယ်။
၁၄။အလုပ်မှာ အောင်မြင်ဖို့ရန် အားလုံးပေါင်းလုပ်ရန်လိုတယ်လို့ ပြောနေပင်မဲ့လည်း တကယ်တော့ ကိုယ်ဘာမှမလုပ်ပါ။
၁၅။အချိန်တိုင်း ပတ်ဝန်းကျင်က သူတွေနဲ့လိုက်ပြီး နှိုင်းယှဉ်နေတတ်တယ်။
၁၆။မနက်မိုးလင်းတာနဲ့ စိတ်ကောကိုယ်ပါ ပင်ပန်းနေတယ်။
၁၇။အိမ်မက်ဆိုတာ အိပ်ချိန်မှာတွေ့ရမယ့် အရာ၊ လက်တွေ့ဘဝမှာတော့ မဖြစ်နိုင်လို့တွေးနေမိတယ်။
၁၈။အမြဲတမ်း တစ်ယောက်တည်းဖြစ်နေတယ်။
၁၉။ရင်ထဲမှာ ပူလောင်နေပြီး အသက်ရှုရတာ ကျပ်တယ်လို့ ခံစားနေရတယ်။
၂၀။သူတပါးအောင်မြင်နေတာကို မနာလိုဖြစ်ပြီး မကောင်းကြောင်း ပြောမိတယ်။

အပေါ်က မေးခွန်းတွေထဲမှာ အတော်များများ တိုက်ဆိုင်နေတယ်ဆိုရင်တော့ စိတ်ဆင်းရဲနေတယ်လို့ ပြောလို့ရပါတယ်။ စိတ်ဆင်းရဲနေတာထက် မကောင်းတဲ့ဘက်ကို ရောက်နေပြီဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ ဘာကြောင့်လဲလို့။
ကိုယ့်ဘဝကို အောင်မြင်ဖို့ရန် ကိုယ်တိုင်ပြင်မှသာလျှင် ရမှာပါ။ ဘယ်သူမှ ပြင်ပေးမှာ မဟုတ်ပါ။

Credit: Chelmo Team

No comments:

Post a Comment