Wednesday, September 23, 2015

"တစ်ကိုယ်တော်ခရီး မဖြစ်မနေ ထွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်"


"တစ်ကိုယ်တော်ခရီး မဖြစ်မနေ ထွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်"

ခရီးထွက်ပြီး မိမိမိုးကုတ်စက်ဝိုင်းအကြောင်း မစူးစမ်းမလေ့လာဘဲ ဘဝက ဘာအဓိပ္ပါယ် ရှိတော့မှာလဲဗျာ။ အဟုတ်ပါ။ ခရီးထွက်တာဟာ ကိုယ်မသိသေးတဲ့ နေရာဒေသမှာ ဘယ်လိုရပ်တည်ရှင်သန်မလဲ သင်ပေးရုံတင်မက မိမိမသိတဲ့အရာနဲ့အတူ ဆက်လက် ရှင်သန်ရပ်တည်ခြင်းဖြင့် မိမိအကန့်အသတ်ဘောင် ဘယ်လောက်ကျယ်ပြန့်ကြောင်း စမ်းသပ် သိရှိစေပါတယ်။ တစ်ကိုယ်တော် သို့မဟုတ် အုပ်စုလိုက် ခရီးထွက်ခြင်းက သင့်ကို ဘဝမှာ အခရာကျတဲ့ ပြောင်းလဲမှုသင်ခန်းစာတွေ ပေးမှာဖြစ်တယ်။

နယ်မြေသစ် မိတ်ဆွေသစ်

တစ်ကိုယ်တော်ခရီးသွားခြင်းက ကိုယ်မသိသေးတဲ့အရာ၊ နေရာဒေသ စူးစမ်းခွင့် ရစေရုံတင်မက မိမိရဲ့စကားပြောစွမ်းရည်ကိုပါ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ သင့်ရဲ့ စကားပြောကျွမ်းကျင်မှုက မိတ်ဆွေသစ်တွေကို ယဉ်ကျေးမှုအသစ်အဆန်းတွေ သိခွင့် ရစေပါလိမ့်မယ်။ မိမိတို့လို စိတ်ဝင်စားမှုချင်း၊ ပန်းတိုင်ချင်း၊ စိတ်ကူးအိမ်မက်နဲ့ ရည်မှန်းချက်ချင်း တစ်ထပ်တည်းကျတဲ့လူနဲ့ တွေ့ဆုံရတာ နှစ်သက်ပျော်ရွှင်ဖွယ် ဖြစ်တယ်။

မိမိကိုယ်ကို ပိုသိလာခြင်း

မိမိအကြောင်း အသစ်အဆန်းတွေ ပိုသိလာဖို့ အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုက တစ်ယောက်တည်း ခရီးထွက်ခြင်းပဲ ဖြစ်ပါတယ်။ ကြောက်ရွံ့မှုနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ခွင့်နဲ့ အဲဒီအရာတွေကို အောင်မြင်ကျော်လွှား ခွင့်ရစေပါတယ်။

အရဲစွန့်လာနိုင်ခြင်း

သတ္တိတွေ ပိုစေပြီး ဘဝမှာ ပိုမိုကြီးမားတဲ့ စွန့်စားမှုတွေ လုပ်ရဲစေတယ်။

စိတ်သဘောထား ပျော့ပျောင်းစေခြင်း

အတက်အကျ၊ အကွေးအကောက်တွေ ရင်ဆိုင်ဖြတ်သန်းရတဲ့ တစ်ကိုယ်တော် ခရီးစဉ် ပြီးမြောက်ပြီးတဲ့နောက် အနေအထားပြောင်းလဲနိုင်၊ ပြောင်းလွယ်ပြင်လွယ် ဖြစ်လာကြတယ်။

ပေါ်ထွန်း

Credit: Trend Myanmar

No comments:

Post a Comment