Tuesday, September 22, 2015

"စင်္ကာပူရောက် အိမ်အကူတယောက်ရဲ့ ဖြစ်စဉ်"

ဒီနေ့ စင်္ကာပူနိုင်ငံ မြန်မာသံရုံးရဲ့ သတင်းပေးမှု့နဲ့အတူ HOME သို့ ရောက်ရှိလာသော ညီမငယ်တစ်ဦး၏ ဒါဏ်ရာရပုံများကို မတင်ချင်ဘဲ ဆင်ခြင်နိုင်ကြပါစေရန် ရည်ရွယ်လျှက် ရေးဖြစ်ပါသည်။ ဖြစ်စဉ်မှာ. . .

ထို ညီမငယ်သည် စင်္ကာပူမြို့Choa Chu Kang အရပ်ရှိ မြန်မာအင်ဂျင်နီယာ လင်မယားအိမ်သို့ မွေးကင်းစ ခလေးကို ပြုစုစောင့်ရှောက်ရန် တလလျှင် လစာ မြန်မာငွေ တသိန်းခွဲကျပ် (S$-165/-) ဖြင့် ပိတ်ရက်မရှိ အေးဂျင့် မပါ တိုက်ရိုက်ခန့်  စံနစ်ဖြင့် 23/04/2015 တွင် ရောက်ရှိ အလုပ် လုပ်ကိုင်ခဲ့ပါသည်။ ဘာကြောင့် အေးဂျင့်မရှိတာလည်းဟု မေးသောအခါ သူမ၏ အမနှင့် အိမ်ရှင် အမျိုးသမီးမှာ သူငယ်ချင်း ဖြစ်ခြင်းကြောင့် ဟု ပြောပြပါသည်။ ဒီ ဒါဏ်ရာတွေ ဘာကြောင့် ရတာလည်းဟု မေးမြန်းသောအခါ. . .

ရောက်ရှိပြီး နှစ်လကျော် (June လ ကုန်ပိုင်း) တွင် လင်မယားနှစ်ယောက် ညနေပိုင်း အပြင်သွားပြီး ည ကိုးနာရီကျော် ပြန်လာသောအခါ ကလေးကို နို့မတိုက်ထားသောကြောင့်ဟု အပြစ်တင်ကာ ပါးကို စရိုက်ခဲ့ပါသည် တဲ့။ (တကယ်တော့ အဲ့ဒီ့ကလေး နှစ်လသားဘေးမှာ ညီမလေးနှင့် အတူ အဖွားအရင်း (အိမ်ရှင်မ အမေ) ရှိနေခဲ့တာပါ။ နောက်ပိုင်းမှာတော့ အခန်းထဲ နေထိုးလည်းရိုက်၊ ဟိုဟာမလုပ် ရိုက်၊ ဒီဟာ မလုပ် ရိုက်နဲ့ ဒီဒဏ်ရာတွေ ရရှိနေခဲ့တာပါ။ ဘယ်သူက ရိုက်တာလည်းဟု မေးသောအခါ လင်ရော မယားရော ရိုက်ခဲ့တာ ဖြစ်ပြီး မိန်းမဖြစ်သူမှ အကြိမ်များစွာ ရိုက်ခဲ့ကြောင်း ယောက်ျားကတော့ တခါတလေသာ ရိုက်ကြောင်း ပြောပြပါသည်။ ဘာတွေနဲ့ ရိုက်လို့ ဒီလောက် အညိုအမဲတွေ စွဲနေရတာလည်းဟု မေးသောအခါ ကော်အင်္ကျီချိတ် (3, 4 ချောင်း ကျိုးပြီး နောက်ပိုင်းတွင်) သံအင်္ကျီချိတ်နောက်ပိုင်းစ တီးပိုက်လုံးနှင့် ရိုက်ခဲ့သည်ဟု ပြောပြပါသည်။ ယခုအခါ ထိုညီမ/သမီးလေးမှာ ဘယ်ပါးကြီး တခုလုံး ယောင်နေကာ အကျိတ်လုံးကြီးတခုလို မာနေပြီး ပါးစပ် ကောင်းကောင်းမဟနိုင်ပါ။ အစာကို မဝါး နိုင်သည့်အတွက် အရည်သာ မျိုချနိုင်ပါသည်။ ဘယ်ဖက် ပုခုံးရိုး ကျိုးနေသည်ဟု ယူဆရသည့်အတွက် ဆေးရုံ ပြသဖို့  စီစဉ်နေပါသည်။ တင်ပါးဆုံရိုး နေရာတွင်လည်း ညိုမဲကာ အကျိတ်ခဲကြီးတခု ဖြစ်နေပါသည်။ လက် နှစ်ဖက်စလုံး ယောင်ကိုင်းနေကာ တကိုယ်လုံး ဒါဏ်ရာများကတော့ မြင်တဲ့အတိုင်းပါ။ မနေ့ညနေ သုံးနာရီလောက်က အိမ်ရှင် အိမ်မှ ထွက်ပြေးလာသည် ဖြစ်သည့်အတွက်. . . ဘယ်လို ဒီကိုရောက်လာတာလည်းဟု မေးမြန်းသောအခါ. . .

ထွက်ပြေးပြီး အိမ်အောက်ရောက်သောအခါ စလုံး ကျောင်းသူလေး တစ်ဦးကို အကူအညီတောင်းပြီး သူမ၌ ရှိနေသည့် အေးဂျင့်တခုရှိ မြန်မာအမျိုးသမီး တစ်ဦးထံ အကူအညီတောင်းပါကြောင်း သူမမှ MOM သို့  ရဲစခန်း သွားခိုင်းသည့်အတွက် နားမလည်၍ စလုံး ကျောင်းသူမလေးမှ ဖုန်းနားထောင်ပေးပြီး MOM သွားရန်အတွက် သူ၏မိခင်ကို လှမ်းခေါ်ကာ Taxi ခနှင့် ဗိုက်ဆာလျှင် ဝယ်စားရန် S$26/- ပေးခဲ့ကြောင်း ပြောပြပါသည်။ MOM ရောက်ပြီး မြန်မာဘာသာပြန်နှင့် အတူTTSH သို့ သွားရောက်ပြီး ( MOM ရဲ့ သီတင်းပေးမှုနဲ့ ဆေးရုံသို့ ရဲ ရောက်လာ) ထိုမှ အိမ်ရှင် အိမ်သို့ ရဲများ ညတွင်းချင်း သွားကာ သူမကိုရိုက်ခဲ့သော ကရိယာများကို သိမ်းဆည်းကာ သူမ၏ ပစ္စည်းများကိုလည်း ပြန်လည် ယူဆောင်လာခဲ့စေပါတယ်။ ထိုမှ သံရုံးသို့ ရောက်ပြီး သံရုံးမှတဆင့် HOME ကို ရောက်ရှိခဲ့ပါသည်။

Khin Lay 

Credit: MP4 YoU

No comments:

Post a Comment