"သင်တို့ရော Gym ကစားကြရဲ့လား???"
လူအများစုဟာ gym ကစားကြတဲ့ အချိန်မှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကစားကြပါတယ်။ တချို့ကတော့ ၀ိတ်ကျချင်လို့ တချို့ကတော့ လူတိုင်းငေးကြည့်ရတဲ့ ခန္ဓာကိုယ်အချိုးအစားကို တည်ဆောက်ချင်တဲ့အတွက် gym ကစားကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ကစားသည်ဖြစ်စေ gym ကစားခြင်းဟာ မိမိအတွက် ကောင်းက်ျိုးတွေကိုသာ ပေးစွမ်းနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်တွေအရ နေ့စဉ်ပုံမှန် gym ကစားခြင်းဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်လာစေပြီး အာရုံစူးစိုက်မှုအား ကောင်းလာစေတယ်လို့လည်း သိရပါတယ်။
gym ကစားခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေကိုလည်း ပြုပြင်ပေးတယ်လို့သိရပါတယ်။ ရုံးမှာ ဖိအားတွေများလာရင် gym ဆီကို အရောက်သွားပြီး ချွေးဒီးဒီးကျတဲ့အထိ အားကစားလုပ်လိုက်ခြင်းဟာ မိမိရဲ့ ဖိအားတွေကို တစ်ဝက်လောက်အထိ သက်သာသွားစေတယ်လို့ သိရပါတယ်။
အကြောင်းရင်းကတော့ gym ကစားခြင်းဟာ endorphins လို့ ခေါ်တဲ့ လူတွေကို ကျေနပ်ပျော်ရွှင်စေတဲ့ ဓာတ်တစ်မျိုးကို အဆက်မပြတ် ထုတ်လွှတ်ပေးနေလို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နှလုံးရောဂါ၊ သွေးတိုးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
လူတွေရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်တွေကိုလည်း ဆီလျော်အောင် ထိန်းညှိပေးသွားနိုင်ပါတယ်။
မိမိ ခန္ဓာကိုယ်ကို သုံးလအတွင်း စမတ်ကျ လှပစေရမယ်လို့ အာမခံထားပါတယ်။
ဒါ့အပြင် gym ကစားခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာအောင် ကူညီပေးတယ်လို့ ပြောပါတယ်။ မည်သည့် အချိန်တွင် ကစားသည်ဖြစ်စေ အချိန်မှန်မှန် ကစားဖို့တော့ လိုတယ်လို့လည်း အကြံပြုထားပါတယ်။
Credit: ThitHtooLwin
Friday, September 11, 2015
"သင်တို့ရော Gym ကစားကြရဲ့လား???"
Labels:
ကျန်းမာရေး,
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment