Tuesday, September 8, 2015

"သင့်ကို တကယ်ချစ်တဲ့ ယောက်ျားမျိုး"


"သင့်ကို တကယ်ချစ်တဲ့ ယောက်ျားမျိုး"

sexy ကျကျဝတ်တာတွေကို တားမယ်
ခေတ်ဆန်တာလေးတွေကို လက်ခံမယ်
အစွန်းမရောက်စေချင်ဘူး
ကိုယ်ထိလက်ရောက် မရိုက်နှက်ဘူး
စကားတွေ ချွဲပစ်နေအောင် မပြောပေမယ့်
ဂရုစိုက်တာကို လက်တွေ့ပြတယ်

ယောကျာင်္းလေး အပေါင်းအသင်းတွေ များတာကို မကြိုက်ဘူး
ဒါပေမယ့် မပြောဘူး
ကိုယ့်မိန်းကလေးကို အခြေအနေကြည့်ပြီး ထိန်းတယ်
စကား အပိုမပြောဘူး
လိုအပ်ရင်တော့ ပြောထွက်ကြတယ်
ရန်စောင်ပြီး တခြားယောက်ျားတွေကို လိုက်မဖြဲဘူး
အမြဲစောင့်ကြည့်တယ်
ကိုယ့်မိန်းကလေးကို မသိမသာ အကာအကွယ်ပေးတယ်
မအားရင်တောင် စကားမပြောဖြစ်ရင်တောင်
ရင်ထဲစိတ်ထဲ အမြဲရှိတတ်တယ်
တကယ် ချစ်တဲ့ ယောက်ျားတစ်ယောက်
သူ့ကောင်မလေးကို ဘယ်တော့မှ ချောတယ် လှတယ် မပြောဘူး
မြောက်သွားမှာ စိုးလို့လေ
သူတို့ ချစ်တာကို သူတို့ နှုတ်က ထုတ်မပြောပေမယ့်
မျက်လုံးအကြည့်တွေက ဟန်ဆောင်လို့မရဘူး
နောက်ဆုံးအချက်
ဘယ်တော့မှ သင့်ကို လမ်းခွဲမယ့်စကား စမပြောဘူး
သင်ပြောခဲ့ရင်တောင် လွယ်လွယ်ကူကူနဲ့ လက်ခံမယ့် လူမျိုး မဟုတ်ဘူး

ရှိပြီလား ???
သင့်ကို တကယ်ချစ်တဲ့သူ ??

Credit: Han Thu Aung

No comments:

Post a Comment