"ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ဘဝပိုင်ဆိုင်ဖို့ အမျိုးသားတိုင်း လိုက်နာသင့်တဲ့ အချက်များ"
မိမိ အိမ်ထောင်ဘဝမှာ နွေးထွေးပျော်ရွှင်မှု ရရှိစေမယ့် အချက်လေးတွေဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ ရေရှည်လက်တွဲနိုင်ပြီး ကြင်နာယုယစွာ ပေါင်းသင်းဆက်ဆံတတ်ဖို့ အထောက်အကူ ဖြစ်စေမယ့် အချက်လေးတွေ ဖြစ်ပါတယ်။
(၁) မိမိဇနီးကို အားပေးစကားပြောပါ
မိမိဇနီးမှာ ဘာစိတ်ကူးရှိလဲ၊ ဘာကိုအလေးထားလဲ သိထားသင့်တယ်။ သူ့မကို ထောက်ခံအားပေးဖို့ သင့်ကို သူအလိုရှိတယ်။ ဒုတိယဦးစားပေး လူအဖြစ် သူသဘောထား မခံချင်ဘူး။ သူ ဘာကို အလေးထားလဲ သင်သိပါက အဲဒါကို လုပ်ဖို့ အားပေးပါ။ သင် သူ့ကို ခွင့်မပြုဘူး သူ ခံစားရပါက မကျေမအေး ဖြစ်နေပါလိမ့်မယ်။
(၂) မိမိအိမ်ထောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဦးဆောင်သူဖြစ်ပါ
ဇနီးသည်အနေနဲ့ သင့်ကို စိတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပေးသူဖြစ်ဖို့ အလိုရှိတာပါ။ မိမိဇနီး စိတ်ယိုင်တဲ့အချိန် ဦးဆောင်မှုမပေးပါက သူမဘက်မှ ဦးဆောင်လာနိုင်ပြီး မိမိအိမ်ထောင်ဘဝမှာ ဖိစီးမှုတွေ ဖြစ်ပေါ်စေနိုင်တယ်။
(၃) အပြာဇာတ်ကားတွေ ကြည့်တာ ရပ်ပါ
ညစ်ညမ်းရုပ်ရှင်တွေက မိမိအချစ်ရေးမှာ တခြားသူတစ်ယောက်ကို ဖိတ်ခေါ်ပေးတာပါ။ အပြာရုပ်ရှင်က တစ်ဦးတစ်ယောက်နဲ့အတူ ရှိနေစေပြီး မိမိစိတ်ကို ယိုင်လဲစေပါတယ်။ ဒါ့ကြောင့် အပြာရုပ်ရှင်ကို စွန့်လွှတ်ပြီး အဲဒီအစား မိမိဇနီးနဲ့သာ ရင်းနှီးနီးစပ်အောင် လုပ်ပါ။
(၄) အဆင်ပြေတဲ့ အမျိုးသားများနဲ့ ခင်မင်မှုထားပါ
မိမိဇနီးမကောင်းကြောင်း ပြောသူများကို အဆက်ဖြတ်ပါ။ အပြာရုပ်ရှင်ကြည့်ပြီး အီးမေးလ်မှတဆင့် ပို့တဲ့သူတွေနဲ့ မပေါင်းနဲ့တော့။ သင် ဒါတွေလုပ်ဖို့ မလိုအပ်ပါဘူး။ မိမိဇနီးကို ချစ်မြတ်နိုးပြီး ခင်ပွန်းကောင်းတစ်ဦးဖြစ်ဖို့ အားတိုက်တွန်းသူများကို ရှာပေါင်းပါ။
(၅) ဇနီးကို ယုယကြင်နာစွာ ပြောဆိုဆက်ဆံပါ
မိမိ ဇနီးကောင်းကွက်ကို ရှာဖွေထောက်ပြပြီး အသိအမှတ်ပြုပေးပါ။
(၆) တခြားသူများထံ မိမိဇနီးအား ကြင်နာစွာ ပြောဆိုပါ
အပေါင်းအသင်းများထံ မိမိဇနီး မကောင်းကြောင်းပြောဆိုမှု ရပ်တန့်ပါ။ သူ့အကြောင်း အကောင်းပြောဖို့မရှိပါက ဘာမှာမပြောဘဲ နေလိုက်ပါ။
(၇) တစ်ခုခု အတူလုပ်ဖို့ ဖိတ်ခေါ်ပါ
သင် ဂိမ်းကစားတာ လာကြည့်ဖူးချင်မှ ကြည့်ဖူးပါလိမ့်မယ်။ သူ မနားမလည်လို့ သို့မဟုတ် သင့်အတွက် ဘာကြောင့်အရေးကြီးလဲ သူ နားမလည်လို့ ဖြစ်ပါတယ်။ မိမိဘာကြောင့် ကြိုက်နှစ်သက်လဲ၊ ဘာကြောင့်အတူ ကြည့်စေချင်လဲဆိုတာ အချိန်ပေးရှင်းပြပြီးနောက် ဖိတ်ခေါ်ပါ။
Ref: yourtango
Credit: Trend Myanmar
Thursday, September 10, 2015
"ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ဘဝပိုင်ဆိုင်ဖို့ အမျိုးသားတိုင်း လိုက်နာသင့်တဲ့ အချက်များ"
Labels:
အိမ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment