Monday, September 21, 2015

"ဆံပင်ကျွတ်ခြင်း ကင်းဝေးစေမယ့် နည်းလမ်းများ"


"ဆံပင်ကျွတ်ခြင်း ကင်းဝေးစေမယ့် နည်းလမ်းများ"

လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဆံပင်ပြသနာတွေကို ရင်ဆိုင်ရသူ နှစ်ဆ ပိုများခဲ့ပါတယ်။ အစားအသောက် အလေ့အကျင့် မမှန်ခြင်းကြောင့် ကမောက်ကမဖြစ်ကာ ဆံပင်ကို ပိုပြီး ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာဟာ ခေတ်မီလူနေမှုစရိုက်ရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ ဆံပင်မကျွတ်အောင် ကာကွယ်ပေးမယ့် နည်းလမ်းအချို့ရှိပါတယ်။

·အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ စည်သွတ် သို့်မဟုတ် ဗူးဖြင့် ထည့်သိမ်းထားတဲ့ အစားအစာများနဲ့ အချိုရည်များ မသုံးဆောင်ပါနဲ့။

·ဘဝမှာ မလိုအပ်တဲ့ စိတ်ဖိစီးမှုကို လျော့ချပါ။ စိတ်ဖိစီးမှုက ဆံပင်ကျွတ်ခြင်း ဖြစ်စေပါတယ်။ စိတ်ကို ပျော်ပျော်ထားပါ။

·ဆံပင်ကို Johnson Baby Shampoo ကဲ့သို့ သာမန် pH Shampoo နဲ့သာ လျှော်ပါ။ စူးရှတဲ့ အပြင်းစားခေါင်းလျှော်ရည်တွေ မသုံးပါနဲ့။ ခေါင်းကို ရက်ခြားပြီး လျှော်ပါ။

·မိုးတွင်းဆိုရင်လည်း ခေါင်းကို  ရက်ခြားပြီးတော့ပဲ conditioner သုံးပေးပါ။

·ဆံပင်ကို မတရားပူတဲ့ အပူနဲ့ မထိပါစေနဲ့။ ဥပမာ ဆံပင်အခြောက်ခံစက်၊ ဆံပင်အဖြောင့်ဆွဲစက် စတာတွေဟာ ဆံပင်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။

·ဆံပင်ကို မခြောက်မဘဲ ခေါင်းမဖြီးပါနဲ့။

ဗောက်၊ ဒက်တွေ မရှိအောင် ဂရုစိုက်ပေးပါ။ ဦးရေပြားကို ကျန်းမာနေအောင် အတတ်နိုင်ဆုံး ကြိုးစားပါ။

Ref: Indiatimes

No comments:

Post a Comment