"ဘယ်လို မိန်းကလေးဖြစ်မလဲဆိုတာ သိချင်လား"
ကိုယ့်အကြောင်းကို ဘယ်သူမှမသိသလို တကယ်လို့ သေသေချာချာ သိချင်တဲ့အခါမျိုးလည်း ရှိမှာပါ။
ဘယ်လို မိန်းကလေး ဖြစ်မယ်ဆိုတာကို စမ်းစစ်ကြည့်လိုက်ရအောင်လား။
အောက်မှာ ရေးထားတဲ့အချက်လေးတွေကို ဖတ်ကြည့်ပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ အချက်လေးတွေကို မှတ်ထားလိုက်ပါ။
၁။အရပ်ပုတဲ့ဘက်မှာ ပါပါတယ်။
၂။ရင်သား မသိမသာပေါ်စေတဲ့ အင်္ကျီကို အမြဲတမ်းဝတ်လေ့ရှိတယ်။
၃။စကားပြောယင်းနဲ့ သူများကိုယ်ကို ဟိုကိုင်ဒီကိုင် လုပ်တတ်တယ်။
၎။ကိုယ့်ထက်ချောလှတဲ့ မိန်းကလေးဆိုရင် မနာလို ဖြစ်တတ်တယ်။
၅။အချိန်နဲ့တပြေးညီ ခေတ်စားနေတဲ့ဟာတွေကို အကုန်ကြိုက်တယ်။
၆။လက်သည်း၊ Spa ဆိုင်ရင်လည်း အမြဲသွားနေရမှ ကျေနပ်တယ်။
၇။ချစ်သူအတွက် ဟင်းချက်ကျွေးဖူးတယ်။
၈။ချစ်သူများနေ့မှာ သူ့အတွက် လက်ဆောင်ဝယ်ပေးဖူးတယ်။
၉။မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာပြောင်ကို ဘယ်သူ့ကိုမှ မပြချင်ပါ။
၁၀။ကိုယ်ကြိုက်တဲ့ အနုပညာရှင်ရဲ့ အမှတ်တရ ပစ္စည်းလေးတွေကို သိမ်းထားတယ်။
ကဲ အပေါ်က အချက်လေးတွေ အပေါ်မှာ မူတည်ပြီး ဘယ်နှစ်ခုလောက်မှန်တယ်ဆိုတာကို မှတ်ထားလိုက်နော်။
1 - 2 ချက်မှန်လျှင် ရိုးရိုးလေးနဲ့ ချစ်စရာ ကောင်းတာကြောင့် ဝိုင်းဝိုင်းလည်နေပါလိမ့်မယ်
သူကတော့ ကိုယ့်တိုင်ကိုယ်က အေးအေးဆေးဆေး နေတတ်ပြီး ယောက်ျားလေးတွေ အကြိုက်လည်း မနေတတ်သူပါ။ အမြဲတမ်း သဘာဝအတိုင်းပဲ၊ ဘာကိုမှလည်း ဂရုမစိုက်သူပါ။ ယောက်ျားလေးတွေဘက်က ကြည့်ရင်တော့ သဘာဝအတိုင်း ဖြစ်တာကြောင့် သူလေးကို ကြိုက်တဲ့သူတွေ ပေါများပါလိမ့်မယ်။
3 - 5 ချက်မှန်လျှင် ပြင်သင့်တာကို မြန်မြန်ပြင်လျှင် မီပါသေးတယ်
သူကတော့ ယောက်ျားလေးတွေ ဆွဲဆောင်အားကောင်းတဲ့ အဝတ်အစားကို ဝတ်ရတာကို ကြိုက်သလို ယောက်ျားလေးတွေနဲ့ အတူတူသွားလာနေရတာကို ကြိုက်နှစ်သက်သူပါ။ သူကမှားနေတာ မဟုတ်ပါ။ နည်းနည်းတော့ အသွားအလာ လျော့သင့်ပါတယ်။
6 - 8 ချက်မှန်လျှင် ကိုယ့်ထက်ငယ်တဲ့ မိန်းကလေးကို မနာလိုဖြစ်နေတတ်တယ်
ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ထက်ငယ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးကို မနာလိုဖြစ်ပြီး အနိုင်ကျင့်နေတတ်တယ်။ ဘာကြောင့်လဲဆိုတာ ဒီမိန်းကလေးရဲ့ အလှတရားကြောင့်ပါ။
9 - 10 ချက်မှန်လျှင် ထိန်းမနိုင်တော့ပါ
သူကတော့ ကြိုက်တဲ့ ယောက်ျားလေးကိုတွေ့တာနဲ့ ချက်ချင်းဆိုသလို လုပ်ချင်တာတွေကို လုပ်ပါတော့တယ်။ စိတ်ညစ်စရာတွေရှိတာကြောင့် တိုင်ပင်စရာရှိတယ်လို့ ပြောပြီး သူနဲ့ နီးစပ်အောင် ကြိုးစားမှုတွေရှိပါလိမ့်မယ်။ ဒီလိုမျိုးကိစ္စတွေက ပတ်ဝန်းကျင်ကကြည့်ရင်တော့ စိတ်ပျက်စရာ ကောင်းပါလိမ့်မယ်။ ဆင်ခြင်သင့်ပါတယ်။
Credit: ChelmoTeam
Wednesday, September 16, 2015
"ဘယ်လို မိန်းကလေးဖြစ်မလဲဆိုတာ သိချင်လား"
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment