Monday, September 14, 2015

"သားသမီးတို့ နားလည်တတ်ဖို့……."


"သားသမီးတို့ နားလည်တတ်ဖို့……."

ဖခင်မေတ္တာတရားဆိုတာ ဒါပါပဲ။ ကိုယ့်ဘယ်လောက်ပဲ ပင်ပန်း ဆင်းရဲနေပါစေ။ ကိုယ့်သားသမီး အဆင်ပြေပြေ နေနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ် ပေးတတ်ကြပါတယ်။ မိုးရေထဲ အမိုးတစ်ခုထဲရှိခဲ့ရင်တောင် ကိုယ့်သားသမီး မိုးစိုမှာကို စိုးရိမ်တတ်ကြပြီး ကိုယ်သာ မိုးရေစို ချမ်းခိုက်ခိုက်တုန်နေပါစေ သားသမီးတွေကိုတော့ အရိပ်အောက်မှာပဲ ထားတတ်ကြပါတယ်။
ငယ်စဉ်ကနေ လူကြီးဖြစ်သွားတဲ့အထိလည်း မိခင်ဖခင်တွေရဲ့ မေတ္တာတရားတွေက ဘယ်တော့မှ ပြောင်းလဲမသွားတတ်ကြပါဘူး။ ကိုယ့်သားသမီးတွေကို ကလေးငယ်လေးတွေလို့ပဲ အမြဲတမ်း မြင်နေပြီး စိတ်ပူပေးနေတတ်ကြပါတယ်။ အတောင်အလက်စုံလာလို့ မိဘရင်ခွင်ကနေ စုံကန်ထွက်သွားကြပြန်ရင်လည်း သားသမီး စိတ်ချမ်းသာဖို့ပဲ ရင်အကွဲခံပေးလိုက်ရတယ်။ ကိုယ့်ဆီကထွက်ခွာသွားလို့ ဘယ်လောက်တောင်ပဲ အထီးကျန်ဆန်ပါစေပေါ့ဆိုပြီး။

ဒီလိုမျိုး ပြုစုပျိုးထောင်ပေးလိုက်လို့ ကိုယ့်သားသမီးတွေ ကောင်းစားသွားတဲ့တချိန် မိဘတွေကို ပြန်ပြီး တစ်လှည့် ကြည့်ရှုပေးစေချင်တဲ့ မျှော်လင့်ချက်တွေက မိဘတိုင်းမှာ ရှိကြပေမယ့်လည်း ဘယ်တော့မှ ထုတ်ဖော် မပြောတတ်ကြပြန်ပါဘူး။ မျှော်လင့်ထားသလို မဖြစ်လာပြန်ရင်လည်း သားသမီးတွေအပေါ် အပြစ်မမြင် မေတ္တာတရားလည်း ပျက်မသွားပါဘူး။

Credit: ဖိုးသူတော်

No comments:

Post a Comment