"လမ်းခွဲပြီးနောက်...."
၁။ လမ်းခွဲပြီးနောက် ချစ်ခြင်းတရားတွေ သင့်အနားမှာ မရှိတော့တဲ့အချိန်မှာ သူ့အတွက် ဆုတောင်းပေးပါ။ အတူတူသင့်အနားမှာ ရှိပေးခဲ့တဲ့ အတွက်ပေါ့…။
၂။ အဆုံးသတ်ခရီးကို လျှောက်လှမ်းကြပြီးနောက် ငါနင့်ကို မုန်းတယ်ဆိုတဲ့ စကားကို သူ့ကို သွားမပြောပါနဲ့။ တကယ်တော့ အချစ်ကို တည်ဆောက်ခဲ့ကြတယ်ဆိုတာ နှစ်ယောက်စလုံးနှင့် သက်ဆိုင်တဲ့အတွက် နှစ်ယောက်လုံးမှာ တာဝန်ကိုယ်စီ ရှိပါတယ်…။
၃။ လမ်းခွဲပြီးတဲ့အခါ သတိရသင့်တာက ပြီးခဲ့တဲ့ လွမ်းစရာ အတိတ်နေ့ရက် ပုံရိပ်တွေ မဟုတ်ပါဘူး။ ဒါတွေက မေ့ပျောက်ရမဲ့ အရာတွေပါပဲ။ လူတိုင်းဟာ သစ်လွင်တောက်ပတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက် ဘ၀ခရီးကို လျှောက်လှမ်းရဦးမှာပါ။ ဒီလို ၀မ်းနည်းစရာ ဖြစ်ရပ်တွေကို သင့်ရဲ့ စိတ်တံခါးပေါက်ကို သယ်ဆောင်မလာသင့်ပါဘူ…။
၎။ သင် အချစ်ဆုံးက ဘယ်သူဘယ်ဝါ၊ သူ့ကိုသာလျှင် အချစ်ဆုံးဆိုပြီး ပြန်လည် တောင့်တမနေပါနဲ့။ လူ့ဘ၀မှာ ရှေ့ဆက်သွားရမဲ့ သင့်ရဲ့ခရီးက အများကြီး ကျန်ပါသေးတယ်။ ဘယ်သူမှ အနာဂတ်ကို ကြိုမသိနိုင်ပါဘူ။ သင် တောင့်တတဲ့ စစ်မှန်တဲ့ ချစ်ခြင်းတရားက သင့်ကို ရှေ့မှာ စောင့်ကြိုနေတာလဲ ဖြစ်ကောင်းဖြစ်နို်င်ပါတယ်…။
၅။ လမ်းခွဲစကား ပြောပြီးတဲ့နောက် ဆူပူတာကို မလုပ်ပါနဲ့။ တကယ်ဆိုရင် နှစ်ယောက်သား အတူတူ လက်တွဲခဲ့ကြတာ ကြာခဲ့တာပဲ။ လမ်းခွဲချိန်မှာလဲ သူ့အနေနဲ့ အနည်းနဲ့အများတော့ ၀မ်းနည်းမှုဆိုတာ ရှိမှာပါပဲ။ သူဟာ အသိတရား ရှိတဲ့သူဆိုရင် သင်နဲ့ သူ့ရဲ့ မနက်ဖြန်နေ့ရက်တွေမှာ ပူဆွေးနေတာကို လိုချင်တော့မှာ မဟုတ်ပါဘူး။ လမ်းခွဲပြီးနောက်ပိုင်း မိတ်ဆွေအဖြစ်နဲ့ပဲ ဆက်လက် တည်ရှိတာက ရန်သူလို သဘောထားတာထက် ပိုပြီး သင်တို့အတွက် သင့်တော်ပါတယ်…။
၆။ ၀မ်းနည်းစကားတွေ သင့်နှုတ်ဖျားက မထွက်ပါစေနဲ့။ လူတိုင်းမှာ သူတို့ ဇာတ်လမ်းလေးတွေကိုယ်စီ ရှိကြပါတယ်။ ဘ၀ဆိုတာ မနေ့ကဖြစ်ခဲ့တာကို ပြန်တမ်းတနေဖို့ မဟုတ်ဘူး။ တကယ်က ရှေ့မှာ ရောက်လာမဲ့ မျှော်လင့်ချက်ရောင်ခြည်ကို စောင့်မျှော်နေရမှာပါ။ လူတွေကို သင် ဘယ်လောက် စိတ်ဓာတ်ခိုင်မာတယ်ဆိုတာ ပြသရမှာပါ။ ချစ်သူကို စွန့်လွှတ်လိုက်ရပေမဲ့ သင်ဟာ ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ပါသေးတယ်…။
၇။ သူနဲ့ လမ်းခွဲပြီးတဲ့အခါ ငါ နင့်ကိုချစ်တယ် ဆိုတဲ့ စကားကို အသံကျယ်ကျယ်နဲ့ ပြောဆိုနေလို့လဲ မထူးတော့ပါဘူး။ ပတ်သက်ခဲ့တာတွေကို တမ်းတနေလို့လဲ မထူးပါဘူး။ ဒါပေမဲ့ အချစ်ဆိုတာ သင့်ရဲ့ အခွင့်အရေးတစ်ခုပါ။ သင် ပြောချင်တဲ့အရာတွေ အားလုံးကို ပြောချလိုက်ပါ။ သင်တို့နှစ်ယောက်ရဲ့ ပြီးခဲ့တဲ့ အမှတ်တရ နေ့ရက်တွေကို စိတ်အေးအေးနဲ့ တမ်းတပါ။ ပြီးတော့ ငိုချလိုက်ပါ။ ငိုပြီးတဲ့အခါမှာတော့ မနေ့က အကြောင်းတွေကို မနေ့မှာပဲ အကုန်ထားခဲ့ပါတော့။ နောက်ထပ် တမ်းတမနေပါနဲ့တော့…။
၈။ တကယ်လို့ သူ့ကို သတိရတဲ့အခါ သူ့ရဲ့ ကောင်းမွန်တဲ့ အရာတွေ၊ သူရဲ့ နှစ်သက်ဖွယ် အမူအရာတွေ၊ ချစ်ခဲ့ကြတာတွေကိုသာ တမ်းတပါ။ အကောင်းမြင်ပါ။ ဘယ်သူက ဘယ်သူ့ကို လမ်းခွဲထားရစ်ခဲ့တာတွေ မစဉ်းစားပဲ။ စိတ်ကို ပျော်ပျော်ထားပြီး တမ်းတချိန်ကို ကုန်ဆုံးပါစေ…။
၉။ လမ်းခွဲပြီးနောက် မိမိလုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ။ လူတစ်ယောက်ရဲ့ဘ၀မှာ အတက်ဆိုတဲ့လှေကား ရှိသလို အဆင်းဆိုတဲ့ လှေကားကလဲ ဆောက်ပြီးသားပါ။ လှပတဲ့ အချိန်တွေဆိုတာ ရှိခဲ့သလို ခါးသီးတဲ့ နေ့ရက်တွေကိုလဲ ဖြတ်သန်းခဲ့ရတာပါပဲ။ ရေစီးတစ်ခါ ရေသာတစ်လှည့်ပါ။ အမြဲတမ်း အဆင်းလှေကားချည်းကိုပဲ လွမ်းဆွတ်မနေပါနဲ့…။
၁၀။ လူတစ်ယောက်ရဲ့ ဘ၀ဟာ ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ဘ၀လက်တွဲဖော် တစ်ယောက်ကို လိုအပ်ပါတယ်။ သူ သင့်ကို ခွဲခွာသွားတယ်ဆိုတာ သူဟာ သင်နဲ့ လိုက်ဖက်ညီမဲ့သူ မဟုတ်လို့ပဲပေါ့။ သင့်ရဲ့ ပိုကောင်းတဲ့ မနက်ဖြန်တွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ကို တည်ဆောက်ပြီး ရှေ့ဆက်ဖို့ပဲ လိုပါတယ်…။
စာချစ်သူများအား ကျေးဇူးတင်လျက်
Credit: Zay Yar
Tuesday, September 29, 2015
"လမ်းခွဲပြီးနောက်...."
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment