"တစ်ကိုယ်ရေတစ်ကာယသမားတွေဟာ အိမ်ထောင်သည်တွေထက် သူငယ်ချင်းအပေါင်းအသင်း ပိုမိုများပြား"
အိမ်ထောင်သည်တွေထက် အိမ်ထောင်မရှိ ရည်းစားမရှိတဲ့ တစ်ကိုယ်ရည် တကာယသမားတွေဟာ အပေါင်းအသင်း သူငယ်ချင်း ပိုများတယ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လူတွေဟာ အိမ်ထောင်ကျသွားရင် ကိုယ့်အိမ်သူသက်ထား၊ ကိုယ့်အမျိုးသားကို ပိုဂရုစိုက်လာကြရတယ်။ တကယ်လို့ သင်ဟာ တစ်ယောက်တည်းသမားဆိုရင်တော့ သင်ဟာ ကိုယ့်ဘာသာကိုယ်သာ ဂရုစိုက်ဖြစ်ပြီး သင်နဲ့ပတ်သက်တဲ့ လူမှုရေးလုပ်ငန်းတွေ ပိုအရေးပေး ဆောင်ရွက်ဖြစ်ပါတယ်။
အိမ်ထောင်သည်တွေအနေနဲ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုရင် ဒါကို သက်သက်အချိန်ဖြုန်းသလို၊ မလိုအပ်တာတွေလုပ်နေသလို တစ်ခါတစ်လေ အိမ်ထောင်ဖက်တွေက ခံစားနေကြတာမျိုးလည်း ရှိတတ်ကြပါတယ်။
နိုင်ငံတကာက လေ့လာချက်တစ်ရပ်ကို Marriage and Family ဂျာနယ်မှာ ဖော်ပြချက်အရဆိုရင် အရွယ်ရောက်ပြီးသူ အယောက် ၂၇၀၀ ကို လေ့လာချက်အရ တစ်ကိုယ်ရည်တစ်ကာယ ဘ၀တုန်းက မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပေးနိုင်ခဲ့တဲ့သူတွေဟာ အိမ်ထောင်ကျပြီးတဲ့အခါ သူတို့တွေနဲ့ အချိန်ကုန်ဆုံးမှု နည်းပါးလာပြီး တစ်လတစ်ခါလောက် တွေ့ဖို့တောင် မလွယ်ကူတော့ဘူးလို့ သိရပါတယ်။
ဒီတော့ အိမ်ထောင်ကျပြီးတဲ့အခါ သူငယ်ချင်းကောင်းတွေကို တဖြည်းဖြည်း ဆုံးရှုံးသွားတတ်ကြတာမို့ အတတ်နိုင်ဆုံး ဒါမျိုး မဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။ လူမှုရေးနဲ့ အိမ်ထောင်ရေးကို မျှအောင် ဘက်ညီအောင် ထိန်းသိမ်း သင့်လုပ်ဆောင်သင့်ပါတယ်။
ဟန်နီ
Credit: Trend Myanmar
Monday, September 21, 2015
"တစ်ကိုယ်ရေတစ်ကာယသမားတွေဟာ အိမ်ထောင်သည်တွေထက် သူငယ်ချင်းအပေါင်းအသင်း ပိုမိုများပြား"
Labels:
လူမှုဘဝ,
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment