"ငါသာ..... သူ့နေရာမှာဆိုရင်"
(၁) သူဟာ ငါမဟုတ်ဘူးဆိုပေမယ့် ငါ့လိုပဲ သူလဲ အရာရာ ခံစားတတ်တဲ့ လူသားတစ်ယောက်ဆိုတာ မင်းကိုမင်း စဉ်းစားကြည့်မိရဲ့လား။
တစ်ချို့နေရာတွေမှာ မင်းဘက်က မင်းမှန်တယ်လို့ အထင်ရောက်မိတဲ့အခါ စိတ်ပျက်အားလျော့နေတဲ့
လေသံနဲ့ ``အော်..သူက ငါမှ မဟုတ်ဘဲလေ´´လို့ မင့်ပါးစပ်က ညည်းညူမိလိမ့်မယ်။
အဲ့ဒီအခါကျ မင့်စိတ်ထဲမှာ မင်းကိုယ်မင်း စာနာတတ်တဲ့ လူတစ်ယောက်အဖြစ် ခံစားနားလည်တတ်ပြီဆိုရင် မင်းဟာ လူတော်လူကောင်းတစ်ယောက် ဖြစ်ပြီလို့သာ မှတ်လိုက်ပါ။
(၂) ပုရွက်ဆိတ်လေးတွေဟာ အကောင်ငယ်ပေမယ့်
သူတို့လေးတွေလဲ ထိခိုက်မိလို့ နာကျင်သွားရင်
ခံစားချက်ကတော့ လူတွေနဲ့ အတူတူပါပဲ။
သတ္တ၀ါတွေဟာ...၊
• အတ္တကိုယ်စီ ရှိကြလို့ ကိုယ့်ဖို့ တစ်ကွက်စာ ချန်စမြဲ။
• တွေဝေခြင်းတွေ ရှိသေးလို့ ကိုယ်ရုပ်ကိုယ် ပြန်မမြင်နိုင်ဘူး။ ကိုယ်ပြောခဲ့တဲ့ စကားကို ကိုယ်ပြန်မကြားနိုင်ဘူး။ ကိုယ်လုပ်ခဲ့အလုပ်ကို ပြန်သင်္ခန်းစာ မယူတတ်ဘူး။
(၃) နေ့စဉ် ကိုယ်ရဲ့ ကာယကံ၊ ၀စီကံတွေနဲ့ ပတ်သတ်ပြီးတော့ စင်ကြယ်နေစေဖို့ ...
• သီလစောင့်ဖို့ လိုတယ်။
နေ့စဉ် ကိုယ်ရဲ့ မနောကံတွေ စင်ကြယ်နေစေဖို...
• သမာဓိအားကောင်းဖို့ လိုတယ်။
နေ့စဉ် ကိုယ့်ရဲ့ အလုပ်တာဝန်တွေနဲ့ ပတ်သက်ပြီး
အကောင်း အဆိုး၊ အကြောင်းအကျိုး ခွဲခြားနိုင်စေဖို့..
• ပညာအားကောင်းဖို့ လိုတယ်။
(၄) တကယ်တော့ ငါဟာ သူမဟုတ်သလို၊ သူကလည်း ငါ မဟုတ်ဘူး။ လူတစ်ယောက် နှလုံးသား တစ်ခုစီနဲ့ ကိုယ့်တိုင်ပဲ နားဆင်ခံစား ပြုလုပ်နေကြရတာပါပဲ။
ဒါကြောင့် သူ့နှလုံးသားကို ကိုယ်နားဆင်၊ ကိုယ့်နှလုံးသားကို သူနားဆင်ကြည့်ပြီး၊ တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း နီးနီးလေး ဖြစ်လာအောင် လုပ်ကြဖို့ပါ။
Credit: ဗောဓိသစ္စာ
Tuesday, September 8, 2015
"ငါသာ..... သူ့နေရာမှာဆိုရင်"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment