"နင်....ငါ"
နင်ဟာငါ့အတွက်
ပျော်ရွှင်မှုတွေပေးတဲ့
comedy ရုပ်ရှင်တစ်ကား...
နင်ဟာငါ့အတွက်
လန်းဆန်းမှုတွေပေးတဲ့
ကော်ဖီခါးခါးတစ်ခွက်...
နင်ဟာငါ့အတွက်
စိတ်လှုပ်ရှားမှုတွေပေးတဲ့
roller coaster တစ်စင်း...
နင်ဟာငါ့အတွက်
မျှော်လင့်ချက်တွေပေးတဲ့
နေမင်းကြီးတစ်လုံး...
နင်ဟာငါ့အတွက်
စိတ်လုံခြုံမှုတွေ ပေးတဲ့
ကောင်းကင်ကြီးတစ်ခု..
နင်ဟာငါ့အတွက်
အေးမြမြ သံစဉ်တွေပေးတဲ့
တေးသွားတစ်ပုဒ်...
ဒါဆိုရင် ငါကကော နင့်အတွက် ဘာလဲ..
ငါကနင့်အတွက်
အပျင်းပြေ စကားပြောလို့ရတဲ့
ကြက်တူရွေးတစ်ကောင် ထက်ပိုခဲ့လား..နင်ဖြေပါ။
Credit: ဘာတွေတုန်း
No comments:
Post a Comment