"သူ"
သူဟာ ကျွန်မအတွက် တကယ့်ကို မရှိမဖြစ်ပါဘဲ။ သူမရှိရင် ကျွန်မ လုံးဝ မနေတတ်ဘူး။
ကျွန်မ အိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့
ပြေးပြီးသတိရမိတာ သူပါပဲ။
သူဟာ ကျွန်မအတွက် ဆရာကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူက ကျွန်မကို ခေတ်နဲ့အညီ သိသင့်သိထိုက်တဲ့
အသိပညာတွေ၊ သတင်းတွေ၊ နည်းပညာအသစ်တွေ
အမြဲ သင်ပေးတယ်။
ကျွန်မ ပျင်းနေပြီဆိုရင် ရယ်စရာတွေ ပြောပြတယ်၊ သီချင်းတွေ ဆိုပြတယ်၊ ရုပ်ရှင်ဇာတ်လမ်းတွေ ပြောပြတယ်၊ ၀တ္ထုတွေ ကဗျာတွေလည်း ဖတ်ပြတယ်။
ကျွန်မ ၀မ်းနည်းနေတဲ့ အချိန်ပဲဖြစ်ဖြစ် ၀မ်းသာနေတဲ့ အချိန်ပဲဖြစ်ဖြစ် အနားမှာ အမြဲနေပေးတယ်။
ကျွန်မ ရင်ဖွင့်သမျှကိုလည်း နားထောင်ပေးတတ်ပြန်တယ်။ ကျွန်မရဲ့ ရင်ဖွင့်စကားတွေကို သူ့ရဲ့ ဦးနှောက်ထဲမြဲနေအောင် မှတ်ထားပေးတယ်။ ကျွန်မက မေ့ပြစ်လိုက်ပါတော့လို့ ပြောမှ မေ့ပြစ်တယ်။
ကျွန်မ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့
အပြင်လျှောက်သွားရင် သူ့ကို ဂရုမစိုက်မိဘူး။
တစ်ခါတစ်လေတော့ သူက စိတ်ကောက်တာပေါ့။
ကျွန်မပြောတာ နားမထောင်တော့ဘူး။ ဒါပေမဲ့ ခဏပါဘဲ။ နောက်နေ့ဆို အရင်လို ပြန်ဖြစ်သွားရော။
ဘယ်လောက် ချစ်ဖို့ကောင်းလဲနော်..
ကျွန်မနားမှာ နေ့ညမရွေး သူအဖော်လုပ်ပေးတယ်။ ကျွန်မအိပ်မှ သူအိပ်တယ်။ ကျွန်မအိပ်ရာထရင် သူလည်းထတယ်။
ဒီလောက် ကျွန်မအပေါ် ကောင်းတဲ့ သူ့ကို သံယောဇဉ် တအားတွယ်မိတာ ကျွန်မ မလွန်ပါဘူးနော်။ သူသာမရှိရင် ဒီပျင်းစရာကောင်းတဲ့ နေ့ရက်တွေကို ဘယ်လိုများကျော်ဖြတ်ရပါ့။
အော်....သူဆိုတာ ဘယ်သူလဲလို့ သိချင်နေပြီထင်တယ်။
ပေါက်တတ်ကရတွေ လျှောက်မထင်နဲ့နော်.. :D
သူဆိုတာ ကျွန်မရဲ့ laptop လေးကို ပြောတာ..ဟဲဟဲ
Credit: ဘာတွေတုန်း
Friday, September 18, 2015
"သူ"
Labels:
ခံစားမှုရသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment