"၂၀၁၅၊ ၂၀၁၆ ကမ္ဘာ့အပူဆုံး နှစ်တွေ ဖြစ်လာမည်"
၂၀၁၅၊ ၂၀၁၆ ခုနှစ်များသည် ကမ္ဘာ့အပူဆုံးနှစ်များ ဖြစ်လာနိုင်သည်ဟု ဗြိတိန် မိုးလေ၀သဌာနက ခန့်မှန်း ပြောကြားသည်။ ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုထဲ ပိုရောက်ရှိလာခြင်းကြောင့် ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်တွင် ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာတော့မည်ဟု ပညာရှင်များက ဆိုသည်။ ပြင်းထန်သော အယ်နီးညို ဖြစ်စဉ်သည် ပစိဖိတ်ဒေသတွင် အစပြုနေပြီဖြစ်ပြီး တစ်ကမ္ဘာလုံး ရာသီဥတုကို ရိုက်ခတ်လိမ့်မည်ဟု ၎င်းတို့က ဆိုသည်။
၂၀၁၅ နှစ်ကုန် ကမ္ဘာ့ပျမ်းမျှ အပူချိန်သည်လည်း ၁၉၆၁-၁၉၉၀ ခုနှစ်များ ပျမ်းမျှ အပူချိန်ထက် (၀ ဒသမ ၆၈) ဒီဂရီ စင်တီဂရိတ် ပိုပူလာနိုင်ကြောင်း ဗြိတိန် မိုးလေ၀သပညာရှင်များက ခန့်မှန်း တွက်ချက်ထားသည်။
“လာမယ့်နှစ်ပိုင်းအတွင်း အကြီးစား မီးတောင် ပေါက်ကွဲမှုမျိုးကြီး ဖြစ်ပွားပြီး ကမ္ဘာ့ကောင်းကင်မှာ မီးခိုးတွေ ဖုံးသွားလို့ နေရောင်မ၀င်နိုင်ဘဲ အပူချိန်ကျသွားတာမျိုး မကြုံရဘူးဆိုရင်တော့ ကမ္ဘာ့အပူချိန်ဟာ ကျိန်းသေ တက်လာပါလိမ့်မယ်” ဟု ရီးဒင်းတက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ ပါမောက္ခ ရိုဝန်ဆာတန်ကလည်း မှတ်ချက်ပေး ပြောကြားသည်။
Source: BBC
Credit: messenger
Tuesday, September 15, 2015
"၂၀၁၅၊ ၂၀၁၆ ကမ္ဘာ့အပူဆုံး နှစ်တွေ ဖြစ်လာမည်"
Labels:
နိုင်ငံတကာသတင်း,
ရာသီဥတု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment