"သူငယ်ချင်းလေးကို အကြင်နာ ပိုမိပြီဆိုရင် သင့်အနေနဲ့ စဉ်းစားရမယ့် အချက်များ"
အချစ်သီချင်းတွေထဲမှာ သူငယ်ချင်းစည်းကို ကျော်မိတာမို့ ဘာလုပ်ရမလဲ၊ ရှေ့ဆက်တိုးရမလား၊ နောက်ပြန်ဆုတ်ရမလားဆိုတဲ့ မေးခွန်းလေးတွေ အမြဲပါနေတတ်ပါတယ်။ ဟုတ်ပါတယ် သင်ဟာ အခင်မင်ဆုံး သူငယ်ချင်းကို ချစ်မိသွားတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တစ်ဖက်ကရော အခြေအနေ ဘယ်လိုရှိသလဲဆိုတာ မသေချာရင် ပိုစဉ်းစားရခက်နေပါလိမ့်မယ်။ ဒီတော့ တစ်ဖက်လူ မသိခင် သင့်အနေနဲ့ အရင်ဆုံး ကြိုတင် တွေးထားသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့
၁။သူကလည်း သင့်လိုပဲ ခံစားနေရပါလိမ့်မယ်။
ဒါကတော့ ဖြစ်နိုင်ခြေကိုပဲ ပြောတာပါ။ အခင်မင်ဆုံး သူငယ်ချင်းတွေ ဆိုမှတော့ သင်ခံစားရသလို သူလည်း ခံစားနေရနိုင်တာပေါ့။ ဒီလိုသေချာရင်တော့ သင့်ဘက်က စအသိပေးလိုက်လည်း ကိစ္စမရှိပါဘူး။ နှစ်ဦးစလုံး အဆင်ပြေပြီး တစ်ဆင့်တက်နိုင်လေလေ သင်တို့ နှစ်ဦးစလုံးအတွက် ပျော်စရာ ဘ၀သစ်လေးတစ်ခု ဖန်တီးနိုင်လေလေပေါ့။
၂။သူက သင့်လို မခံစားမိဘူး။
ကံမကောင်းစွာနဲ့ သူက သင့်ကို အခင်ဆုံး အချစ်ဆုံး သူငယ်ချင်းထက် မပိုဘူးဆိုရင်ရော။ ဒီအချက်ကိုလည်း သင်တွေးထားရပါလိမ့်မယ်။ သူ့အနေနဲ့ သင့်ကို အချစ်ရဆုံး သူငယ်ချင်းထက် ပိုသလား မပိုဘူးလားဆိုတာ သင့်ဘက်က သေချာအောင် အရင်လုပ်ဖို့ လိုပါတယ်။ အဆိုးဆုံးက သူက သင့်ကို သူငယ်ချင်းထက် မပိုတဲ့အပြင် သူ့မှာ တိတ်တခိုး စိတ်ဝင်စားနေတဲ့သူ ရှိမရှိဆိုတာပါပဲ။
၃။သင်တို့ရဲ့ ဆက်ဆံရေးဟာ အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။
တစ်ဖက်လူက သင် သူ့ကို ချစ်နေတာကို သိသွားတယ်ဆိုတာနဲ့တင် သူ သင့်ကို ပြန်ချစ်ချစ် မချစ်ချစ် အရင်လို ဆက်ဆံရေးမျိုးတော့ မရနိုင်တော့ပါဘူး။ အထူးသဖြင့် သင်က တရားဝင် ချစ်တယ်လို့ ပြောလိုက်ရင် ပိုဆိုးတာပေါ့။ အရိပ်အမြွက်လောက်ဆိုရင်တော့ သူလည်း ရိပ်မိရုံလောက်နဲ့ တစ်မျိုး ဖြစ်သွားနိုင်ပေမယ့် ဖွင့်ပြောလိုက်ရင်တော့ သူ့ဘက်က နောက်ပိုင်းမှာ ပွင့်လင်းမှု ရှိနိုင်ပါတော့မလားဆိုတာ စဉ်းစားရပါလိမ့်မယ်။
၎။ ခုလက်ရှိအခြေအနေကို ထည့်စဉ်းစားပါ။
သင်တို့နှစ်ယောက်စလုံးမှာ သက်ဆိုင်သူတွေ ရှိနေတယ်ဆိုရင် ဒီဇာတ်လမ်းကို အသစ်စဖို့ ချက်ချင်းလုပ်ဆောင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် သင်ချစ်နေတဲ့ သင့်သူငယ်ချင်းမှာ သက်ဆိုင်သူရှိနေတယ်ဆိုရင် သင့်ဖက်က ဇွတ်တိုးဖို့ ဘယ်လိုမှ မကြိုးစားသင့်ပါဘူး။ ဒါပေမယ့် သူ့ဘက်ကလည်း သင့်ကိုပဲ စိတ်ရောက်နေတယ်ဆိုတာ သေချာရင်၊ သူနဲ့ လက်ရှိတွဲနေတဲ့သူကို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာရင် အဲ့ဒီတစ်ယောက်ကို သူ လမ်းခွဲစကားပြောပြီး ဖြတ်လိုက်တဲ့အချိန်ထိ သင် စိတ်ရှည်သင့်ပါတယ်။ သင် ဝင်ဖျက်လို့ ပြတ်တဲ့ သဘောမျိုး မဖြစ်အောင် ဂရုစိုက်ရပါလိမ့်မယ်။
၅။သင်နဲ့ သူ့ကြားက သူငယ်ချင်းကို အကူအညီ တောင်းသင့်တောင်းပါ။
သူ့စိတ်ထဲ သင်နဲ့ပတ်သက်ပြီး ဘယ်လိုရှိနေတယ်ဆိုတာ မခန့်မှန်းနိုင်ဘူးဆိုရင် သင်တို့နှစ်ယောက်စလုံးနဲ့ ခင်မင်နေတဲ့ သူငယ်ချင်းကို အကူအညီတောင်းကြည့်ပါ။ သူက ပါးစပ်ဖွာ ဟိုစကားဒီပို့ ဒီစကားဟိုပို့ မလုပ်တတ်တဲ့သူ ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။
ဟန်နီ
Credit: Trend Myanmar
Tuesday, September 22, 2015
"သူငယ်ချင်းလေးကို အကြင်နာ ပိုမိပြီဆိုရင် သင့်အနေနဲ့ စဉ်းစားရမယ့် အချက်များ"
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment