"၀ တဲ့ အမျိုးသားတွေက သားယောက်ျားလေး ပိုရနိုင်"
မွေးလာမယ့် ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ ဖခင်ဖြစ်သူရဲ့ ခါးနံပတ်နဲ့ သက်ဆိုင်တယ်လို့ ယူဆရပါတယ်။
လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ အ၀လွန်ပြီး၊ ကိုယ်အလေးချိန်များနေတဲ့ အမျိုးသားတွေဟာ ပိန်တဲ့ အမျိုးသားတွေထက် သားသားရဲ့ဖေဖေ ပိုဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။ မျိုးအောင်ခြင်းနဲ့ မြုံခြင်းဆိုင်ရာ ဆေးပညာဂျာနယ်တစ်စောင်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုဟာ သားသမီးရဖို့ ကုသမှုခံယူနေတဲ့ စုံတွဲပေါင်း ၈၅၀၀ ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
တွေ့ရှိချက်အရ ပိန်တဲ့အမျိုးသားတွေဟာ ယောက်ျားလေး ၆၁၁ ယောက်နဲ့ မိန်းကလေး ၅၆၉ ယောက် ရရှိခဲ့ပြီး၊ အချိုးချတွက်ကြည့်မယ်ဆိုရင် ယောက်ျားလေးမွေးဖွားမှုက ၇ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အ၀လွန်နေတဲ့အမျိုးသားတွေကတော့ သားယောက်ျားလေး ရရှိမှု ၂၇ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဖြစ်နိုင်ချေတစ်ခုက ၀ တဲ့အမျိုးသားတွေဟာ သန္ဓေအောင်ပြီးနောက်မှာ သန္ဓေသားလောင်းကို ယောက်ျားလေးဖြစ်စေတဲ့ ‘Y’ သုတ်ကောင် အရေအတွက်က ပိန်တဲ့လူတွေထက် ပိုများလို့ ဖြစ်နိုင်တယ့်လို့ ဗြိတိသျှလူမျိုး သန္ဓေအောင်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Simon Fishel က ပြောပြခဲ့ပါတယ်။
ye wint
Credit: Trend Myanmar
Thursday, September 24, 2015
"၀ တဲ့ အမျိုးသားတွေက သားယောက်ျားလေး ပိုရနိုင်"
Labels:
ဗဟုသုတ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment