"သင့် ဆံသားတွေအတွက် ဘာ့ကြောင့် conditioner မဖြစ်မနေ သုံးဖို့ လိုအပ်လဲ ဆိုတာ"
အမျိုးသမီးအများစု ခေါင်းလျှော်ပြီးရင် conditioner (ဆံပင်ကို ပြုပြင်သောဆေးရည်) ကို သုံးလေ့ရှိကြပါတယ်။ တစ်ပတ်နှစ်ခါ ခေါင်းလျှော်တာ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပေမယ့် ဆံပင်ကို conditioner လိမ်းပေးဖို့ကလည်း အရေးကြီးတယ်။
ဘာ့ကြောင့်လဲ ဆိုတာတော့…
ခေါင်းလျှော်တဲ့အခါ ဖုန်နဲ့ အညစ်အကြေးတွေ သန့်ရှင်းသွားပြီး ဆံပင်အရင်းကို ကြမ်းထော်သွားစေပါတယ်။ အဲဒီကြမ်းထော်တဲ့ ဆံပင်ရင်းများက ဆံပင်ကို လိမ်ရှုပ်ပြီး ငြိနေစေပါတယ်။ conditioner သုံးတဲ့အခါ ချောမွေ့နူးညံ့စေပြီး ခေါင်းဖြီးရ လွယ်ကူစေပါတယ်။ conditioner က ဆံပင်အရင်းကို ချောမွေ့စေတာကြောင့် ဆံကေသာကို တောက်ပြောင်လာစေမှာ ဖြစ်ပါတယ်။
ဆံပင်ကို အရောင်ဆိုးမယ်ဆိုရင် conditioner သုံးကို သုံးပေးရပါလိမ့်မယ်။ ခေါင်းလျှော်ရတာကြောင့် အရောင်က အနည်းအကျဉ်းတော့ ဖျော့လာလေ့ရှိပါတယ်။ ဒါပေမယ့် ခေါင်းလျှော်ပြီးတိုင်း conditioner လိမ်းတဲ့အခါ အရောင်နဲ့ တစ်သားတည်းဖြစ်ပြီး ပြန်လည် တောက်ပလာစေပါတယ်။
Ref: TOI
Credit: Trend Myanmar
Monday, September 14, 2015
"သင့် ဆံသားတွေအတွက် ဘာ့ကြောင့် conditioner မဖြစ်မနေ သုံးဖို့ လိုအပ်လဲ ဆိုတာ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment