Friday, September 18, 2015

"ချစ်သူနှစ်ဦး တွဲတာ သိပ်မကြာသေးခင် အမျိုးသားဘက်က ကိုယ့်ကို ခပ်ခွာခွာဖြစ်သွားစေတဲ့ အကြောင်းအရင်းများ"


"ချစ်သူနှစ်ဦး တွဲတာ သိပ်မကြာသေးခင် အမျိုးသားဘက်က ကိုယ့်ကို ခပ်ခွာခွာဖြစ်သွားစေတဲ့ အကြောင်းအရင်းများ"
 
သင်နဲ့သင့်ချစ်သူဟာ တွဲပြီး တစ်လကျော်၊ နှစ်လလောက်အကြာမှာ အခြေအနေတွေ မူမမှန်ဖြစ်လာပါသလား။ သင့်ချစ်သူကောင်လေးက သင့်ကို ခပ်ခွာခွာပုံစံမျိုး ဖြစ်လာပါသလား။ သင်ချိန်းတိုင်း သူ မအားကြောင်းပြောပြီး ဆယ်ခါမှာ သုံးခါလောက်သာ သင့်ကို လာတွေ့တတ်တယ်ဆိုရင်တော့ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းလေးတွေ အဖြေရှာကြည့်ရအောင်။ အမျိုးသားတွေဟာ သူတို့သဘောကျတဲ့ အမျိုးသမီးတစ်ဦးကို ခပ်ခွာခွာဖြစ်သွားရတဲ့ အကြောင်းရင်းက ဒီအချက်တွေကြောင့် အဖြစ်များပါတယ်။

၁။သူနဲ့ချိန်းတွေ့တိုင်း သင်ကချည်း အကုန်ခံခြင်း၊ (သို့) သူ့ကို အားလုံးအကုန်အကျ ခံခိုင်းခြင်း

သင့်ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ သင်တို့နှစ်ဦး သွားသမျှနေရာတွေမှာ ကုန်ကျသမျှ အားလုံးကို သူ့ကို ပေးမရှင်းတာမျိုး သင်လုပ်ဖူးပါသလား။ အမှန်တော့ သူက ကိုယ့်လောက် ငွေကြေးမတတ်နိုင်တာကို သိလို့ ကိုယ့်ဘက်က သိတတ်လွန်သွားတဲ့ သဘောဆိုပေမယ့် တစ်ဖက်သားကတော့ အနေရအထိုင်ရ ခက်နေပါလိမ့်မယ်။ သူ့ကိုပါ တစ်ယောက်တစ်လှည့် ရှင်းခိုင်းတာမျိုး လုပ်သင့်ပါတယ်။ နောက်တစ်ချက်က သင်က သူ့ကိုချည်း အားလုံးကို အကုန်အကျ ခံခိုင်းတာမျိုး၊ တစ်ခုခုဝယ်ပေးဖို့ ပူဆာလွန်းတာမျိုး ဆိုရင်လည်း သင့်ချစ်သူကောင်လေးက သိပ်မချမ်းသာဘူး၊ အတိုင်းအတာနဲ့ သုံးစွဲရသူတစ်ဦးဆိုရင် သင့်ကို ခပ်ခွာခွာလေး ဖြစ်သွားပါလိမ့်မယ်။

၂။ တွဲတာတစ်လတောင် မပြည့်ခင်ကတည်းက ဘယ်အချိန် လက်ထပ်ကြမလဲလို့ ထပ်တလဲလဲ အမေးခံရခြင်း

သင်နဲ့ သင့်ချစ်သူတွဲတာ နှစ်ပတ်၊ သုံးပတ်အတွင်း သင့်ကို ဘယ်တော့လက်ထပ်မလဲဆိုတဲ့ မေးခွန်းက စောလွန်းအားကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် လေ့လာသင့်တာတွေ ရှိနေသေးသလို၊ တစ်ယောက်အကြောင်း တစ်ယောက် သေချာမသိသေးခင်မှာပဲ ခုလိုမျိုး အတည်ပေါက်ကြီး မေးချလိုက်မယ်ဆိုရင် တစ်ဖက်ကလည်း နည်းနည်း အူတိအူကြောင် ဖြစ်သွားပါလိမ့်မယ်။

၃။ စည်းကမ်းတင်းကျပ်ပြလွန်းခြင်း

သင်ဟာ လူကြားထဲမှာ သင့်ပခုံးကို လှမ်းဖက်တာမျိုး မကြိုက်ဘူး။ သင့်လက်ကို တွဲထားတာမျိုးလည်း သဘောမကျတတ်ဘူး။ သင်နဲ့နှစ်ဦးတည်းရှိနေချိန် ပါးလေးကိုင်တာ နဖူးလေး နမ်းတာမျိုးတောင် တရှောင်ရှောင် လုပ်နေတတ်တယ်ဆိုရင် သင့်ချစ်သူဟာ သူ့ကိုတကယ်မှ ချစ်ရဲ့လားလို့ ထင်သွားနိုင်ပါတယ်။ သံသယလည်း ရှိလာမှာပါပဲ။

၎။ တလောကလုံးမှာ မိန်းကလေးက ကိုယ်တစ်ယောက်တည်း အထာဖမ်းပြခြင်း

သင်ဟာ သင့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာ ပေါ်ပြူလာဖြစ်လွန်းတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပညာရေးပိုင်းမှာ၊ အလုပ်အကိုင်၊ လူမှုရေးပိုင်း စတာတွေမှာ အပြစ်ပြောစရာမရှိအောင် တော်နေတတ်နေသူတစ်ဦး ဖြစ်နေတာမို့ ကိုယ့်ချစ်သူနဲ့ ရှိနေချိန်မှာလည်း ကိုယ့်လိုလူမျိုး ရှာကြည့်ပါဦးဆိုတဲ့ စတိုင်လ်မျိုး ဖမ်းမယ်။ ဒါမှမဟုတ် သင့်ချစ်သူဟာ သင့်ကိုပိုင်ဆိုင်ရတာ ဘယ်လောက် ကံကောင်းတယ်ဆိုတာမျိုးတွေ ပြောနေမယ်ဆိုရင်တော့ သူ့အတွက် အာရုံနောက်စရာ ဖြစ်လာပါလိမ့်မယ်။

၅။ မိန်းမ၀ါဒီသမားတစ်ယောက် ဖြစ်နေခြင်း

မိန်းမဆန်လွန်းတာမျိုး မဟုတ်ပဲ အရာရာတိုင်းကို မိန်းမ၀ါဒီသမားတစ်ယောက်လို ပြောဆို ပြုမူလုပ်ကိုင်နေတာမျိုး၊ ဒါ အမျိုးသမီးတွေကို စော်ကားတာဆိုပြီး အားတိုင်းပြောနေတတ်တာမျိုး၊ ကိုယ့်ချစ်သူ ကိုယ့်အတွက်လုပ်ပေးချင်တဲ့ အရာမျိုးတွေကိုတောင် ဒါ ကျွန်မလုပ်နိုင်ပါတယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် လုပ်ပြလိုက်တာမျိုး၊ သူမရှိလည်း တစ်ယောက်တည်း ရပ်တည်နိုင်တယ်ဆိုတာမျိုးကို ပါးစပ်က တဖွဖွပြောနေတတ်သူမျိုးဆိုရင် သင့်ချစ်သူဟာ သူမရှိလည်း သင် အေးဆေးနေနိုင်တယ်လို့ ထင်ကိုထင်သွားမှာပါ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment