"လွယ်ကူထိရောက်တဲ့ အပေါ်နှုတ်ခမ်းမွှေး ဖယ်ရှားနည်း"
မိန်းကလေးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အရာတွေထဲမှာ အပေါ်နှုတ်ခမ်းမွှေး ရေးရေးလေးရှိနေတာလည်း ပါဝင်နေပါတယ်။ သေးငယ်တဲ့ အဲဒီ အမွေးအမျှင်လေးတွေဟာ နှုတ်ခမ်းနီဆိုးတဲ့အခါ ပိုလို့တောင် ထင်သာမြင်သာ ရှိလာပါတယ်။ ဒါ့ကြောင့် အပေါ်နှုတ်ခမ်းကို အနားကွပ်ပေးနေတဲ့ နှုတ်ခမ်းမွှေးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ အဲ့ဒါကတော့
လိုအပ်တဲ့အရာများ
·ကုလားပဲမှုန့်
·ဒိန်ချဉ်
·နနွင်း
·ပန်းကန် အသေးတစ်လုံး
ဆောင်ရွက်ပုံ
(၁) ပါဝင်ပစ္စည်းအားလုံးကို အရည်ပျစ်ပျစ်လေးဖြစ်တဲ့အထိ ရောသမမွှေပါ။
(၂) အဲဒီက ရလာတဲ့ အရောအနှောကို အပေါ်နှုတ်ခမ်း သို့မဟုတ် အမွှေးအမျှင် ဖယ်ရှားချင်တဲ့ မျက်နှာပေါ် ဘယ်အစိတ်အပိုင်းမဆို လူးပေးပါ။
(၃) ခြောက်အောင်ထားပါ။
(၄) အကွက်လေးကို လက်ချောင်းလေးတွေနဲ့ အမွှေးအမျှင်ပေါက်ရာနဲ့ ဆန့်ကျင်ဘက်သို့ ခွာထုတ်လိုက်ရုံပါပဲ။
Credit: Trend Myanmar
Monday, September 7, 2015
"လွယ်ကူထိရောက်တဲ့ အပေါ်နှုတ်ခမ်းမွှေး ဖယ်ရှားနည်း"
Location:
Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment